Arc(7.4)

5.4K 626 0
                                    

တစ်လအကြာတွင်  မော်ကွန်းတည် ကို စတင်ရိုက်ကူးလေသည်။ဇာတ်လမ်းအစတွင်  မင်းစိုးရာ အခန်းသာမို့  စောရာ ရိုက်ကွင်းသွားစရာမလိုပေ။ စိမ်းရောင်က စောရာတွက်  မန်နေဂျာ ရာထူးရော မိတ်ကပ်တွက်ပါ  သူကိုယ်တိုင် လုပ်ပေးလေတယ်။ မလုပ်ပေးပဲ တခြားလူစီစဉ်ပေးဖို့ ပြောတော့  တခြားသူတွေနဲ့ စောရာကို စိတ်မချကြောင်း  အမေ့ကျေးဇူးတွေ ဒီနည်းနဲ့ ပဲ ဆပ်နိုင်မှာပါတဲ့လေ။ ဒါနဲ့ စောရာလည်း မတားဖြစ်တော့။

"စောရာ  မနက်ဖြန် ရိုက်ကွင်းရှိတယ်  မနက်စောစော သွားရမယ်  ပြီးတော့  ဇိုင်းနဲ့ အတူ  ဓာတ်ပုံရိုက်ဖို့ ရှိတယ်"

"ဟုတ် အစ်ကို မနက်ဖြန် စောစောသွားတာပေါ့ "

"တောက်    မင်း ငါ့သားတစ်ယောက်လုံး ဘယ်သွားမှန်းမသိရအောင် မင်းဘာတွေ လုပ်နေလဲ ဟမ်  "

ဒေါသကြီးစွာ  ပြောဆိုလာတဲ့ ဦးစောမင်း ကြောင့် ဒေါ်အိမ့်မှူး  စိတ်ပျက်လာရတယ်။ ဒါပေမယ့်လည်း သူတို့သားအမိ အားကိုးရာမှာ  ဦးစောမင်းသာ ဖြစ်တာကြောင့်။

"အဟင်း ကိုစောရယ်  သားစောရာ က  အရွယ်ရောက်ပြီလေယောင်္ကျားလေး ဆိုတော့ သူငယ်ချင်းတွေနဲ့  လွတ်လွတ်လပ်လပ်နေချင် လို့ အိမ်မပြန်တာ နေမှာပေါ့"

"ဘာကွ "

"အမေ ပြောတာလည်း ဟုတ်နေတာပဲ  အဖေရယ်  မောင်လေးက  မှူးနဲ့ မေမေ့ ဆို အမြင်ကြည်တာ မဟုတ်တာ ဒါကြောင့် အပြင်မှာ သူငယ်ချင်းတွေနဲ့ အလေလိုက်နေတာ နေမှာပေါ့  မောင်လေးက  သိပ်ဆိုးတာပဲ  ဖေဖေ ဟင်း ဟင်း"

မှူး  နံရံကို မှီကာ  အေးဆေး ပြောလိုက်လေတယ်။ ဒီတစ်အိမ်လုံးက အလုပ်သမားတွေဟာ သူတို့သားအမိရဲ့  ခြေနင်းခံလေးတွေမို့  ဘာမှ ပြောပါ့စရာမရှိပေ။ ဒါကြောင့်  စောရာကို သူတို့သားအမိနှိပ်စက်မှန်း ဒီဘိုးတော်ကြီး သိမှာမဟုတ်ပေ။ ဒီသားအဖ  အတော်ကို တုံးတယ်မလား။

မှူးအပြောကြောင့် ဦး စောမင်းဟာ    ဘာမှမပြောနိုင်တော့ပဲ  အပေါ်ထပ်ကို တက်သွားလေတော့တယ်။ ဦးစောမင်း မကြားနိုင်လောက်တဲ့ အချိန်မှ

"အမေ ဟို အမှိုက်က ဘယ်ပျောက်သွားတာလဲ  "

"အမေလည်း ဘယ်မသိလည်း မသိရဲ့  အဲ့အမှိုက်မရှိတော့လည်း ကောင်းတာပဲလေ   အိုး  အဲ့အမှိုက်အကြောင်းမပြောစမ်းပါနဲ့ သမီးရယ်"

Meeting   Ultimate  Gods  System(completed)Where stories live. Discover now