Arc(7.9)

5.4K 597 0
                                    

တစ်လအကြာမှာတော့  ဇိုင်းရော စောရာပါ  အလုပ်ကိုယ်စီနဲ့  မအားလပ်ကြ။ သို့သော် ဇိုင်းက စောရာ ဆီ အမြဲတမ်း လာသလို  ရိုက်ကွင်းက လူတွေဟာ ခွေးစာတွေဇွတ်စားနေရချေတယိ။

"ဟ  ကိုယ်ခွံ့ ကျွေးမယ် " ဇိုင်း ကိုယ်တိုင် ကြော်လာတဲ့  အသီးအရွက်ကြက်သား နဲ့  ဆီအိနေတဲ့ထမင်းကြော်ကို ခွံ့ ကျွေးလေတယ်။ ပြီးတော့ တယုတယနဲ့   ဆီသုတ်ပေးနေတဲ့ မြင်ကွင်ဟာ တစ်ချို့ လူတွေ တွက်တော့ မနာလိုစရာပင်။ သို့သော် သူတို့ ထုတ်မပြောရဲချေ။ ဇိုင်းက တက်သစ်စဖြစ်တဲ့ စောရာကြောင့် သူတို့ဆက်ဆံရေးကို လူသိမခံချင်ပေ။ သူ့ကြောင့် စောရာ အနဂတ်ပိတ်ပင်မခံနိုင်။ အချိန်တစ်ခုတန်  သူတို့ အားလုံးကို ဖွင့်ပြောမှာ ဖြစ်ပေမယ့်ပေါ့။

မှူးတစ်ယောက်  အိမ်တွင် သောင်းကျန်းနေလေတယ်။ မော်ကွန်းတည် ထဲပါဝင်နိုင်ဖို့   ခန္ဓာကိုယ်ရင်းခဲ့ရတယ်။ခုတော့ သူမသိအောင် ရိုက်ကူးထားတဲ့ vedio နဲ့ အခြိမ်းခြောက် ခံနေရတယ်။ ခုလည်း ဇာတ်ကားတွက် သူ့ကို ရွေးထားပြီးမှ ပြန်ဖြုတ်ချလိုက်တယ်။  anti fanတွေကလည်း   ပမြဲအပြစ်ပဲ ရှာနေတယ်။ ဒါပြင့် သူ့ hotelက ထွက်လာတဲ့ပုံတွေ ထွက်နေတာကြောင့်  မှူး စိတ်ညစ်နေရတယ်။

ဦးစောမင်းနဲ့  ဒေါ်အိမ့်မှူးဟာလည်း တကျက်ကျက်နဲ့  အရင်လို ပိုက်ဆံကို ပေါလောရှောလော မသုံးရတော့။ ဒေါ်အိမ့်မှူးတစ်ယောက် လောင်းကစားအကြွေးတွေ ထပ်နေလေတယ်။ဒါကြောင့် မှူးကို  သူဠေးတွေဆီ လွတ်ကာ ခန္ဓာနဲ့  အကြွေးဆပ်စေတယ်။

"အား……ဘာကြောင့်လဲ  ငါပိုင်ရမယ့်ဟာတွေကို တင်စောရာ တင်စောရာ အဲ့တာမင်းကြောင့်  မင်းသေမှအေးမှာ  ဟုတ်တယ်  မင်းသေမှ ပြီးရင် ဟိုဘိုးတော်လည်း သေ အဲ့တာဆို  အဲ့တာဆို  အားလုံးငြိမ်းချမ်းပြီး  ဟား ဟား ဟား "

အရူးမကြီးလို တဟားဟား ရီနေတဲ့ မှူးကြောင့် အလုပ်သမားတွေဟာ လန့်ဖြတ်နေကြလေတယ်။ 

နေ့တစ်ယောက်  ထိုနေ့က အကြောင်းစဉ်းစား ရင်း  စိတ်ညစ်နေမိတယ်။ အသည်းကွဲတာ ဆို မှန်လေမလား။ ထိုနေ့က  စောရာသည်  သူ့ဦးငယ်ကို ဖက်တွယ်ကာ နမ်းရှိုက်နေခဲ့တယ်။ စိတ်ညစ်ညစ် အသည်းကွဲ၍  အရက်ခွက်ကို မော့ချပစ်လိုက်လေတယ်။  မူးရူးသွားတဲ့အခါ မှ ထပြန် လိုက်တယ်။ 

Meeting   Ultimate  Gods  System(completed)Where stories live. Discover now