Arc(6.8)

5K 586 3
                                    

ကြီးမားတဲ့စွမ်းအားတွေကြောင့် ကျောင်းသားကျောင်းသူတွေဟာ ထိုနေရာကိုလာရောက်ကြည့်ရှုကြလေတော့တယိ။ ဝမ်ပိုင်ကတော့ ရှမင်နဲ့  နီးလာနားသွားကာ  စစ်ဆေးပေးလေတယ်။လီဂျင်ကတော့ ပွဲကြည့်ကာ  အတော်ပငိ စိတ်လှုပ်ရှားနေမိတယ်။စွမ်းအားကြီးတဲ့သူဟာ သူ့အပိုင် ဖြစ်စေရမယ် ပြီးရင် ထိုသူနဲ့ အတူ ကမ္ဘ္ဘာကြီးကို အုပ်စိုးကာ နေထိုင်မည်ဟု တွေးနေမိတယ်။ 

စွမ်းအာရှင် နှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှု အရှိန်အဝါကြောင့် တောတွင်းက တိရစ္ဆာန် အတော်များများပင် ရောက်လာလေတော့တယ်။ ထိုအခါ ကျောင်းသားကျောင်းသူတွေဟာ  ထိုသားကောင်တွေနဲ့ ယှဉ်တိုက်ခိုက်ရင်း ထိုနေရာဟာ စစ်ပွဲကြီးတဖွယ်ဖြစ်နေလေတော့တယ်။ 

ရှမင်   အိပ်ပျော်နေတုန်း  သူ့နား ကပ်လာတဲ့ အန္တရာယ်ကြောင့်  မျက်လုံးဖွင့်ကာ  သူ့စွမ်းအားနဲ့  ထိုအရာကို ပစ်လိုက်မိတယ်။  အိပ်ချင်စိတ်လုံးလုံး ပျောက်သွားချိန်  သူ့ရှေ့ ကမြင်ကွင်းကြောင့် အံ့သြနေရလေတယ်။  သိပ်အကြာ မငေးနိုင်လိုက်ပါ။  သူ့ ကို မာန်ဖီနေတဲ့  ကိုးတောင်လောက်ရှိသည့် ကြောင်နက်ကြီးကြောင့်  ရှမင်  သိုလှောင်ရုံထဲက   ရှန်ကျင့် ဓားကို  ယူလိုက်ကာ   အဆင်သင့်ပြင်လိုက်လေတော့တယ်။ 

ကြောင်နက်ကြီးဟာ  ရှမင်ကို ခုန်အုပ်လိုက်ပေမယ့် ရှမင်က ခုန်ရှောင်လိုက်ကာ   ပြန်လည်တိုက်ခိုက်လိုက်လေတယ်။  ကြောင်နက်က သူ့လက်သည်းတွေကို ထုတ်ကာ  ရှမင်ကို ကျားကုတ်သလို လိုက်ကုတ်ပေမယ့်  ရှမင်က  ရှန်ကျင့် ဓားနဲ့ ကာကွယ်ကာ  တွန်းထုတ်လေတယ်။  ကြောင်နက်ကြီးက  ရှမင်ရဲ့   လှုပ်ရှားမှုကို ထိန်းချုပ်ရန်  အော်ဟစ်သံကြီးတစ်ခုကို ပြုလေတယ်။  ထိုအော်သံကြောင့် ရှမင်ပြင် မက အားလုံး  သုံးစက္ကန့်လောက် ရပ်တန့်သွားချေတယ်။သုံးစက္ကန့် ဆိုတဲ့အချိန်ဟာ  လူတိုင်းတွက် အန္တရာယ် ဖြစ်လေတော့တယ်။ ကြောင်နက်ကြီး  ရှမင် ခေါင်းထက် ရောက်လာချိန်  ရှမင် ပြန်လည်လှုပ်ရှားနိုင်ကာ  သူ့အမှောင်စွမ်းအားကို ပထမဆုံး ထုတ်သုံးမိလေတော့တယ်။  အမှောင်ထုကိုအခွင့်ကောင်းယူကာ  ရှမင် ရှောင်ထွက်လိုက်ပြီး  ကြောင်နက်ကြီးကို  zoneမှာ သင်ယူခဲ့ရတဲ့ မှော် ပညာနဲ့  ထိန်းချုပ်လိုက်လေတော့တယ်။ ကြောင်နက်ကြီးမှာ သူ့အန္တရာယ်ကို သိသွား၍  ပြေးဖို့လုပ်သော်လည်း နောက်ကျသွားချေပြီ။

Meeting   Ultimate  Gods  System(completed)Unde poveștirile trăiesc. Descoperă acum