Arc(4.9)

6.4K 693 4
                                    

ကျန်းချူး နေကောင်းသွားတော့  မိဘအိမ်ပြန်ကာ  နေထိုင်ရလေတယ်   ကျန်းချူးအနေနဲ့  အိမ်ပြန်တာက လက်စားချေချင်လို့ဖြစ်ပြီး   ဟန်စစ်အနေနဲ့ ကတော့ မပို့ချင်ပဲ   အမှုကိစ္စကြောင့်  သူ နယ်ဘက်သွားနေတုန်း  ကျန်းချူးကို  အဖော်မဲ့မနေစေချင်တာကြောင့် မိခင်ရှိရာဆီ ပို့ပေးခဲ့ခြင်းဖြစ်တယ်  

ကျန်းချူး ရှန်အိမ်တော် ရောက်တာနဲ့ ရှန်အမတ်အပါအဝင် အားလုံးက  ခေါင်းငုံ့ ဂါရဝပြုရလေတယ်   ကျန်းချူးကအခု စစ်ဝမ်ဖေး  ဖြစ်နေပြီးမလား ဘယ်သူကများ ရန်စရဲမလဲ

ကျန်းချူး အရင်ကလို  ထိုလူအားလုံးကို  ခေါင်းငုံ့ နေစရာမလိုတော့ပေ  အရင်က ကျန်းချူးကို နှိပ်စက်ခဲ့တဲ့ အစေခံတွေကအစ   အိမ်တော် သခင်မကြီးက အဆုံး  တစ်ယောက်မှ အေးဆေးမနေနိုင်အောင် ကျန်းချူး ဒုက္ခပေးလေတော့တယ်   

ရှန်မင်ချူး  အိမ်တော် ပြန်ရောက်လာတဲ့ ကျန်းချူးကြောင့်  ဟန်စစ် စိတ်ပျက်သွား၍များ မောင်းထုတ်လာသလား  အောက်မေ့ပေမယ့်     မင်ချူးသိလိုက်ရသည်က   ကျန်းချူး အိမ်တော်ရောက်လာခြင်းဟာ အာဏာလာပြသည်ကိုပင်

"မင်း  လွန်နေပြီ မထင်ဘူးလား   အိမ်တော်လာပြီး  တစ်မျိုးပြီးတစ်မျိုး လာခိုင်းနေရအောင်  အားလုံးကို မင်းအစေခံများ မှတ်နေလား"

တစ်ပတ်လုံး နှိပ်စကာသမျှ မခံနိုင်တော့တဲ့မင်ချူးဟာ ကျန်းချူးဘေးနားက ဟန်စစ်ထည့်ပေးလိုက်တဲ့ ကိုယ်ရံတော်နဲ့ အပျိုတော် တွေကိုတောင် ဂရုမစိုက်တော့ပဲ  အော်ဟစ်ပြောဆိုလိုက်တယ်  မင်ချူး မသိလိုက်သည်က   ထိုသို့ပြုလုပ်လိုက်တာဟာ  ကျန်းချူးရဲ့ အကွက်ထဲ တည့်တိုးဝင်လိုက်သလိုပဲ ဆိုတာကိုပေါ့

ကျန်းချူးရဲ့ အပျိုတော်က  ချက်ချင်းပင်  စိတ်တိုသွားလေတယ်  သူတို့ရဲ့ သခင်တောင် မထိရက် မအော်ရက်  တယုတယ  ပြုမူနေတဲ့လူကို ဘာမဟုတ်တဲ့ အကောင်က လာအော်သည်က သူတို့တွက် မခံရပ်နိုင်စရာပင်

"ရိုင်းလိုက်တာ    ကြင်ယာတော်ကိုများ အော်ရဲတယ် လာကြစမ်း  ဒီအမိုက်သားကို  ကြိမ်ဒဏ် အချက်သုံးဆယ် ရိုက်ကြစမ်း"

Meeting   Ultimate  Gods  System(completed)Where stories live. Discover now