ဝူချီ လွိယန့် နဲ့ တိုက်ခိုက်နေရင်း လှဲကျသွားတဲ့ ရှမင်ကို မျက်လုံးထောငိ့နေ တွေ့ လိုက်ရတာကြောင့် လျင်မြန်စွာ သွားလိုက်သော်လည်း။ အသက်မဲ့နေတဲ့ ကိုယ်လေးကို သိမ်းကြုံးဖက်တွယ်လိုက်ရင်း အရူးတစ်ယောက်လို အော်ဟစ်ငိုယို နေမိတယ်။ ဖက်တွယ်ထားတဲ့ ကိုယ်လေးကနေ အသံဝဲဝဲလေး တစ်ခုကြားလိုက်ရပေမယ့် ဘာမှမသဲကွဲ။သိပ်မကြာခင်မှာပဲ အမဲရောင် အမှုန့်တွေအဖြစ် ချစ်ရသူဟာ ပြောင်းလဲသွားခဲ့လေတယ်။
အမှုန်တွေကို မြေပြင်ကနေ အရူးတစ်ယောက်လို ကောက်နေရင်း ဝူချီ တစ်ယောက် တစ်ခုခု သတိကပ်သွားသလို ချက်ချင်းပင် အမှုန်တွေကို ဖန်ပုလင်းတစ်ခုထဲ ထည့်လိုက်ကာ ထရပ်လိုက်ပြီး ချက်ချင်းပင် လီဂျင်နား သွားကာ လည်ပင်ကို ညစ်ကာ မြှောက်ကိုင်ထားလိုက်လေတယ်။ ဝူချီရဲ့  ပုံစံဟာ အတော်ကို ကြောက်ဖို့ကောင်ူနေလေတယ်။ မျက်လုံးတွေနီရဲကာ အမဲရောင်အခိုးအငွေ့ တွေဟာ လည်း ကိုယ်ပေါ်မှ ထွက်ပေါ်နေချေတယ်။ လီဂျင်တစ်ယောက် အသက်ရှုကျပ်လာကာ ရုန်းကန်နေပေမယ့်အရာမထင်။ သူ့ဒီအတိုင်းတော့ မသေလို။
ချက်ချင်းပင် အစွမ်းထုတ်ကာ ဝူချီရဲ့  ရင်ဘတ်တည့်တည့်ကို ရိုက်ချလိုက်လေတယ်။ထိုအချိန်တွင် လွိယန့် က နှလုံးတည့်တည့် ငွေနဲ့ လုပ်ထားတဲ့ဓားစိုက်ခံထားရတာကြောင့် လှုပ်လှုပ်တောင် မလှုပ်ရဲသလို ဝမ်ပိုင်ဟာလည်း မြန်ဆန်လွန်းတဲ့အခြေအနေကြောင့် ကြောင်အနေလေတယ်။
ဝူချီ အရိုက်ခံလိုက်ရတာနဲ့တစ်ပြိုင်နက် လီဂျင်ရဲ့  ဇာတ်ကို ဂျွတ်ခနဲ့ မြည်အောင် ချိုးကာ လွင့်ပစ်လိုက်လေတော့တယ်။ဝူချီက ချက်ချင်းပင် လှဲကျနေတဲ့ အလောင်းကို မီးလောင်တိုက်သွင်းပစ်လိုက်လေတယ်။ တကယ့် ရည်ရွယ်ချက်ကတော့ သူ့ချစ်သူကို နာကျင်စေတဲ့ နေရာဟာ ဒီကမ္ဘာမှာ ရှိနေဖို့ မထိုက်တန်လို့ ပင်။ အလောင်းကနေတစ်ဆင့် သစ်ပင် သစ်တောတွေပါ မီးလောင်ပြာကျကုန်ကြလေတယ်။ လွိ ယန့်ကိုတော့ နှလုံးမှာ စိုက်နေတဲ့ ဓားကို ပိုနက်သထက် နက်အောင် ထိုးစိုက်ပေးလိုက်လေတယ်။ လွိယန့်မှာ နာကျင်မှုကြောင့် ဓားကို ထိုးစိုက်နေတဲ့ ဝူချီလက်ကို ဆွဲထားလျက် ကျောက်ရပ်တစ်ခု ဖြစ်သွားလေတော့တယ်။
YOU ARE READING
Meeting Ultimate Gods System(completed)
Romanceဒါလေးကတော့ ပုကြုတို့ရဲ့  ဖူးစားရေးနတ်ဘုရားလေး နဲ့  သူ့ ရဲ့  လောင်ကုန်း ဖြစ်လာမဲ့  သူလေးရဲ့  အကြောင်းလေးပေါ့နော် အားပေးမယ်ဟုတ်