နောက်နေ့မနက်မှာတော့ သွေးကို အမည်မသိ ဖုန်းဖြင့် ပို့လာတဲ့ ဓာတ်ပုံများ ကြောင့် သွေး ဒေါသထွက်သွားတယ်
ဘာကြောင့်များ သူအပေါ်ခုလိုလုပ်ရက်နိုင်ကြတာလဲ
သူ့ဘဝအချစ်ဦးကလည်း တခြားတစ်ယောက်ကြောင့် သူ့မပေါ်သစ္စာမဲ့ခဲ့သလို ခုသူကိုနားလည်ချစ်ပေးတဲ့သူကလည်း သူ့နောက်ကွယ်မှာ တခြားသူတွေနဲ့ သက္ကရာဇ် အားဝူးလေးအကူအညီဖြင့်ရယူထားသော ဓာတ်ပုံတွေကို သွေးတခေတ်ဆီပို့လိုက်တယ် သေချာတာက သူ့တို့ကိုမခွဲနိုင်ရင်တောင် အဖုအထစ်လေးတော့ရှိသွားနိုင်တယ်မလား
[ဒါသက်သက်ယုတ်မာတာ missionထဲလည်းမပါပဲ ]
ဟင်း အားဝူး သွေးလို ဖြူစင်တဲ့သူကလေ အလင်္ကာလိုမိန်းမနဲ့ မတန်ဘူး အဲ့ တမာသီးမရဲ့ အချစ်က မစစ်မှန်ဘူး
သူ့အချစ်တာစစ်မှန်မယ်ဆိုရင် သွေးတခေတ် ပျော်နေမှာပေါ့ ခုသူမပျော်ဘူးလေ နှစ်ယောက်လုံးပျော်ရွှင်နိုင်မှ ဒါငါခံယူချက်နော်[wow တော်လိုက်တာ အချစ်ပေါင်မုန့်ခုတ်ပဲ ]
တော်စမ်း မရွဲ့ နဲ့  ဓာတ်ပုံတွေကို ငါ့အစ်ကိုဆီရောပို့လိုက်
[yes host ]
ဧကရာဇ် သူ့ဆီရောက်လာတဲ့ဓာတ်ပုံတွေကိုကြည့်ရင်း
ကလေးကိုစိတ်ပူမိတယ်*ကိုယ် စိတ်ချလို့ရပီ ထင်ခဲ့တာ ကလေးပျော်နေမယ်ထင်ခဲ့တာ တောင်းပန်ပါတယ် ကိုယ်ရဲ့ ခေတ် ကိုယ် ခေတ်ကို အဆုံးရှုံးမခံတော့ဘူး *
ထိုအချိန် လင်းထက်ဝင်လာကာ "ဟို boss အပြင်မှာ
ဒေါ်ထက်သဉ္စာခေတ် ရောက်နေပါတယ် ""ဝင်လာခိုင်းလိုက်"
ဒေါ်ထက်သဉ္စာခေတ် အခန်းထဲရောက်လာတော့
" ထိုင်ပါ ဘာကိစ္စများလဲ ဒေါ်ထက်သဉ္စာကိုယ်တိုင်ကြွလာတာဆိုတော့ "" အန်တီ တောင်းပန်ချင်လို့ပါ "
ထိုစကားကြောင့် ဧကရာဇ် ဒေါသကြီးစွာ
"ဘာအတွက်လဲ ခေတ်နဲ့ လမ်းခွဲခိုင်းတာအတွက်လား
ဒါမှမဟုတ် ခေတ်ကို ကျွန်တော့မှာမိန်းမရှိပါတယ်ဆိုပီး လုပ်ကြံဇာတ်သွင်းခဲ့တာအတွက်လား လူအများရှေ့ မှာ
ရစရာမရှိအောင် အရှက်ခွဲခဲ့တာအတွက်လား "
YOU ARE READING
Meeting Ultimate Gods System(completed)
Romanceဒါလေးကတော့ ပုကြုတို့ရဲ့  ဖူးစားရေးနတ်ဘုရားလေး နဲ့  သူ့ ရဲ့  လောင်ကုန်း ဖြစ်လာမဲ့  သူလေးရဲ့  အကြောင်းလေးပေါ့နော် အားပေးမယ်ဟုတ်