ဘာရောဂါမှန်း မသိတဲ့ အခြေအနေမှာ ကျန်းချူး တွက် ပိုဆိုးရွားလာခဲ့တယ် ဟန်စစ်လည်း သက်ငယ်အခြေအနေကိုကြည့်ကာ ဘာလုပ်ရမှန်းမသိ ပြာယာခတ်နေခဲ့ရတယ် ကျန်းချူး စားမဝင် အိပ်မပျော်ရုံသာမက သွေးပါ တစ်ခါတစ်လေ အန်လာလေပြီ လူကလည်း ယဲ့ယဲ့သာ ကျန်လေတော့တယ်
"ဟန်စစ် သက်ငယ်ကို အပြင်ခေါ်သွားပေးပါလား လေညှင်းလေးခံချင်လို့ "
ကျန်းချူး လမ်းမလျောက်နိုင်ပါ ဒါကြောင်ါအပြင်မထွက်တာလည်း အတော်ပင်ကြာပြီ အပြင်ထွက်ချင်တိုင်း ဟန်စစ်ကသာ သူ့ကို ပွေ့ ချီသွားပေးရတာကြောင့် သူချစ်သူ ပင်ပန်းတာမျိုမဖြစ်ချင်တာကြောင့် အပြင်မထွက်ဖြစ်တော့ ဒါပေမယ့် တစ်ခါတစ်ခါ အိမ်တွင်းမှာပဲ နေတော့ မွန်းကျပ်လာသလိုပင်
ဟန်စစ် သက်ငယ်ကို အပေါ်ထပ်ခြုံလွှာ ရုံပေးပြီး ပွေ့ ချီကာ အပြင်ခေါ်ထုတ်ပေးလေတယ် ကျန်းချူး လတ်ဆတ်တဲ့လေကို ရှုရှိုက်ပြီး ဟန်စစ် ရင်ခွင်မှာ မှီနေလိုက်တယ် ဟန်စစ် သက်ငယ် တွက် ဘာလုပ်ပေးရမှန်းမသိပါ အားနည်းလွန်းတဲ့ ကိုယ်လေးကြောင့် ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ် မိရင်တောင် ထိခိုက်သွားမလား ဆိုတဲ့အတွေးကြောင့် ဖက်ချင်တာတောင် မဖက်ရဲလောက်အောင်ပင် ကျန်းချူး ဟန်စစ် ရင်ခွင်ထဲ မှေးနေရင်း စဉ်းစားနေမိတယ်
သူသည် တိမ်ပင်လယ်မှာတုန်းက ဆေးပညာကိုသင်ယူခဲ့တယ် ထို့အတူ ဆေးကျမ်းပေါင်းများစွာကို လေ့လာခဲ့တယ် ဒါပေမယ့် သူရဲ့ ရောဂါအရင်းအမြစ်ကိုတောင် ရှာမတွေ့ 
'အားဝူး ရှိလား'
[ရှိပါတယ် host ]
' အားဝူး ငါ့ရောဂါအကြောင်း စုံစမ်းပေး'[ဟိုလေ ဒီကိစ္စကို အားဝူး မတရားမဝင် System ဈေးကွက်မှာ သွားရှာရမှာ အဲ့တာ point နည်းနည်းတော့ကုန်လိမ့်မယ် ]
'ဘယ်လောက်လဲ'
[500ပါ Host]
'ဘာ ငါးရာ ဟုတ်လား မင်းဘိုးအေတောင် မပေးဘူး point ရှာရတာ လွယ်တယ်များ မှတ်နေလား'
[ဒါဆိုလည်း ဒီအားဝူးလေး ဘာမှမကူညီနိုင်တော့ဘူးပေါ့ ဝမ်းနည်းလိုက်တာဗျာ]
YOU ARE READING
Meeting Ultimate Gods System(completed)
Romanceဒါလေးကတော့ ပုကြုတို့ရဲ့  ဖူးစားရေးနတ်ဘုရားလေး နဲ့  သူ့ ရဲ့  လောင်ကုန်း ဖြစ်လာမဲ့  သူလေးရဲ့  အကြောင်းလေးပေါ့နော် အားပေးမယ်ဟုတ်