Arc(7.7)

5.4K 607 0
                                    

တစ်နှစ်တွင်း  စောရာဟာ နာမည်အတော်ရလာခဲ့တယ်။ ထို့အတူ  ကုမ္ပဏီတွေကလည်း  စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းလာခဲ့တယ်။ထိုအထဲတွင် ဇိုင်းရဲ့  Cloud   ပါ ပါလေတယ်။ ဇိုင်းနဲ့ စောရာ  couple shiperတွေကတော့ လိုရာဆွဲတွေးကြလေတော့တယ်။

"စောရာ  အစ်ကိုကတော့ ဒီဇာတ်ကောင်က  စောရာနဲ့ လိုက်မယ်ထင်တယ် ကျောင်းကားလေ"

စားပွဲပေါ်က ဇာတ်ညွှန်းစာအုပ်တွေများစွာကို ကြည့်ကာ စောရာတွက် အကောင်းဆုံးဖြစ်မည့်ဟာကို ရွေးချယ်ပေးနေတဲ့ စိမ်းရောင်ခြယ်ပေ။

"ဟုတ် အစ်ကို စောရာ စဉ်းစားလိုက်အုံးမယ် ညနေကျ  မော်ကွန်းတည်  fan meeting  ရှိတယ်မလား  "

"ရှိတယ် စောရာ   အစ်ကို ကိုယ်တိုင် လိုက်ပို့ မယ်လေ  အပြန်တော့ အစ်ကိုသွားစရာရှိလို့  လာမကြိုပေးနိုင်တော့ဘူး"

"အာ ရပါတယ် အစ်ကိုလည်း ကိုယ့်အလုက်ကိစ္စနဲ့ ကိုယ် ဖြစ်နေတာကို ဒါမှမဟုတ် စောရာ   လူအသစ်ရှာလိုက်မယ်လေ"

"ရပါတယ်  အစ်ကိုမအားတဲ့အခါ  ပဲ  လက်ထောက်တစ်ယောက်လောက် ခန့်လိုက်မယ်လေ "

"အစ်ကိုပဲ စီစဉ်လိုက်ပါ "

စောရာ  onlineပေါ် တက်ကာ  လျောက်ကြည့်နေမိတယ်။ postလေး တစ်ခု တက်လာတာကြောင့် ကြည့်လိုက်မိတယ်။

"မင်းလက်ကို တွဲပြီး  ဘဝခရီးဆုံးထိ လျောက်ချင်တယ်"
ဆိုတဲ့ captionနဲ့   ကောင်လေးနှစ်ယောက် လက်တွဲကာ  လမ်းမထက် လျှောက်လှမ်းနေပုံဖြစ်တယ်။ post ပိုင်ရှင်ကို ကြည့် လိုက်တော့ ဇိုင်းတိမ်ယံ ဖြစ်နေလေတယ်။postဟာ တစ်မိနစ်အတွင်း အတော်ပျံ့ ကာ  ဖန်တွေက  ကော်မန့်တွင် ထောင်ချီလေတော့တယ်။

"ဟင်း………"  စောရာ သက်ပြင်းချမိတယ်။ တစ်နှစ်တွင်း  ဇိုင်းဟာ သူ့ကို နည်းလမ်းမျိုးစုံနဲ့   လိုက်ပိုးခဲ့တယ်။ သို့သော် ဇိုင်းက သူ့ချစ်သူဆိုတာ မသေချာတာကြောင့် လက်မခံမိ။ ဇိုင်းတင်မဟုတ်  နေ့အလင်းပါတိတ်တခိုး လိုက်ပိုးလေတယ်။  ဒီတူဝရီးတွေ ဘယ်လို ဖြစ်မှန်း စောရာ မသိတော့။ 

ညနေ မော်ကွန်းတည် fan meeting ပွဲမှာတော့

"အားလုံးပဲ မျှော်လင့်နေကြတဲ့ game ကစားရမယ့်အချိန်လေး ရောက်လာပါပြီရှင့်"

Meeting   Ultimate  Gods  System(completed)Where stories live. Discover now