Arc(9.5)

4.7K 525 0
                                    

Cနိုင်ငံ ရဲ့    နေရာတစ်ခု  ထိုနေရာသည် Dragon  ဂိုဏ်းရဲ့ အခြေချရာနေရာတစိခုပင်။

"ရော့  မိန်းကလေး  မသေချင်သေးရင် စား  "

ပြောရင်း စားစရာတစ်ချို့ ထည့်ထားတဲ့ ပန်းကန်တစ်ချပ်ကို ပစ်ချပေးလိုက်တာကြောင့်  အစာတွေဟာ လွင့်စင်ကုန်လေတယ်။ Miya   ဒေါသထွက်သော်လည်း ဘာမျှ မတတ်နိုင်။ သူမ ကို ဘာကြောင့်ဖမ်းမှန်းလည်း မသိရ ။  ဘယ်အချိန်ထိ ဖမ်းထားမယ်လည်း မသိ။   သူမဖခင်  စိတ်ပူနေတော့မည်။  Miya  ဝမ်းနည်းစွာပင် ပန်းကန်ထဲက စားစရာတစ်ချို့ ကို ကြိုးချည်ခံထားရတဲ့ လက်တွေနဲ့  ကြိုးစားဟယူလိုက်ကာ  အခန်းထောင့် နား ကပ်ထိုင်ပြီး ငိုရှိုက်ရင်း  စားလိုက်တယ်။

Cနိုင်ငံက  hotel တစ်ခု တွင် လူသုံးယောက်  ဖုန်း တစိလုံးနဲ့ အလုပ်ရှုပ်နေလေတယ်။ သူတို့ဟာ နေအဖွဲ့ အစည်းကိုZane ကျန်နေခဲ့ကြောင်း သတင်းပို့ ထားပြီး သူတို့ဟာ Cနိုင်ငံ ရောက်နေကြောင်းပြောတော့  နေအဖွဲ့ အစည်းက အကြီးအကဲတွေဟာ Cနိုင်ငံရေးထဲ  ဝင်ပါသလို ဖြစ်သွားမှာ စိုးရိမ်နေကြလေတယ်။ သို့ သော်   သူတို့ဟာ လက်ခံပြီးတာ အလုပ်တစ်ခုကို  မပြီးမြောက်ပဲ မနေနိုင်။

ထိုအချိန်  ဖုန်း မက်ဆေ့ အသံကြောင့် သုံးယောက်သား ဖုန်းကို အကြည့်ရောက်သွားလေတယ်။ မက်ဆေ့ဟာ Zane ဆီက ဖြစ်ပြီး Miya ရှိတဲ့ နေရာကို  လှမ်းပြောခြင်းပေ။ ထို့ ပြင် Zane က  ထိုနေရာကို တိုက်ရိုက် သွားနေပါပြီတဲ့  ။

Zane ဒီကို ဘယ်လို ရောက်လာလည်း မသိပေမယ့်  သူတို့လည်း အထုတ်ဆွဲကာ  Zane ပြောတဲ့နေရာဆီ ထွက်လာခဲ့တော့တယ်။  လမ်းတစ်လျောက်   Cနိုင်ငံ ပြည်သူတွေနဲ့   ဆန္ဒပြနေမှုတွေကို တွေ့ မြင်ရပေလိမ့်မည်။ လူမဆန်စွာ ရိုက်နှက်နေမှုတွေကို ကြည့်ကာ  သူတို့သုံးယောက် စိတ်မချမ်းသာ ဖြစ်ရလေတယ်။

"ဟီး  ပြန်တွေ့  ပြန်ပြီနော်  "

Zane  သူ့ ရှေ့ က လူကို မျက်နှာချို သွေးလိုက်လေတယ်။  Zane  Dragon လက်ထဲက လွတ်လာပြီး  လေယာဉ်ကွင်းကို သွားခဲ့တယ်။ ပြီးတော့ Cနိုင်ငံကို သွားဖို့  လက်မှတ် ဝယ်သော်လည်း  Cနိုင်ငံဟာ  အဝင်အထွက်ပိတ်ထားသည်ကြောင့်  လေယာဉ် မထွက်ပါဘူးတဲ့ ။ ထိုအချိန် အမဲရောင် ဝတ်စုံတွေနဲ့  ဂိုဏ်းလို လို အဖွဲ့ စည်းလိုလို ဟာတွေ တွေ့ တာကြောင့်  မသိမသာ နားစွင့်မိတော့  သူတို့ခေါင်းဆောင်ဟာ Cနိုင်ငံ သွားမည် ဆိုတာကြောင့် မသိအောင် ခိုးလိုက်ခဲ့လေတယ်။

Meeting   Ultimate  Gods  System(completed)Where stories live. Discover now