Arc(9.3)

4.9K 577 8
                                    

ညအချိန်တွင် hotel ရဲ့  မြေအောက်ထပ်တွင် bar ရှိလေတယ်။barကောင်တာ နားတွင် ရွှေဝါရောင် ဆံပင်  ဖြောင့်လေးနဲ့  အနီရောင် ပုခုံးပေါ်  အသားကပ်ဆွယ်သား ပေါင်လောက်နဲ့   ကောင်မလေးဟာ  ဝိုင်နီနီ တစ်ခွက်ကို ရှည်သွယ်သွယ် လက်တွေနဲ့ ကိုင်တာ  နီရဲရဲ နူတ်ခမ်းလေးနဲ့  ထိတွေ့ ရင်း သောက်နေပုံက  barထဲရှိ ယောက်ျားလေးတွေကို အပြီအပြင် ဆွဲဆောင်နေလေတယ်။ ထို ကောင်မလေးဟာ တခြားသူ မဟုတ် Zaneပင် ဖြစ်လေတယ်။

သုံးယောက်ပေါင်းပြီး Zane ကို ဒီဘဝရောက်အောင် ပို့လိုက်လိုက်လေတယ်။ Zane အလှကိုကြည့်ကာ barထဲက ယောက်ျားသားတွေဟာ သန့်စင်ခန်း ခနခနပြေးကြရလေတယ်။ Zane တစ်နေရာကို အကြည့်ပို့လိုက်တော့  ခပ်မိုက်မိုက်ပုံစံနဲ့  လူသုံးယောက်က   ဖိုက်တင်းဆိုပြီး  ပြုံးပြလာလေတယ်။

Zane သည် သူကို လာမိတ်ဖွဲ့ သူမှန်သမျှကို ငြင်းပယ်ကာ အဓိက သားကောင် လာမှာကို စောင့်နေလေတယ်။ Zane  ဝိုင်ကို ဟန်ပါပါ သောက်နေရင်း မျက်လုံးထောင့်ကနေ Draven ကို ကြည့်လိုက်လေတယ်။ ကြည့်ရတာ သိပ်အကြာခင်   သူ့ဆီရောက်လာတော့မှာပဲ။

Zane မသိတာက  Cctvကတစ်ဆင့်  Zane ကို ကြည့်နေတဲ့ သူဟာ  Zane ရဲ့ ပုံစံကြောင့်  မီးပွင့်မတက် ဒေါသထွက်နေတယ်ဆိုတာ။

Draven   ထိုမိန်းကလေး barထဲ ဝင်လာထဲက  စိတ်ဝင်တစား ကြည့်နေမိတာဖြစ်တယ်။ သူက လှတဲ့ ပန်ူတွေကို ခြွေပစ်ရတာကို သဘောကျတယ်လေ။ ဒီညတွက် ပန်းလေးက  သူမလို့ သတ်မှတ်လိုက်တယ်။ သူ့လူတွေကို အချက်ပြကာ  သူမလေးကို ချဉ်းကပ်ခိုင်းမိတယ်။ သူမလေးကတော့  ငြင်းပယ်လေတယ်။လွယ်လွယ် လက်မခံဘူး ဆိုတာ သူသိလိုက်တယ်။ သူ က ထိုသို့သော ရယူရခက်တဲ့ ပန်းတွေကို ပိုစိတ်ဝင်စား ခြေမွပစ်ချင်စိတ် ထိန်းမရတော့ပေ။ဒါကြောင့်  ထိုင်နေရာက ထကာ  ဝိုင်ကို အေးဆေးစွာ သောက်နေတဲ့ သူမနား သွားလိုက်လေတော့တယ်။

"hello girl အဖော် မလိုဘူးလား  ကိုယ်အဖော်ပြုပေးမယ်လေ"

Zane သူ့ဆီရောက်လာပြီ ဖြစ်သော  Dravenကို ကြည့်ကာ ပြုံးပြလိုက်ပြီး

"ကျေးဇူးပဲ  မလိုဘူး  "  သူသာ ချက်ချင်း လက်ခံလိုက်ရင် သံသယဝင်စရာ ဖြစ်ပေလိမ့်မယ်။

Meeting   Ultimate  Gods  System(completed)Where stories live. Discover now