စစ်ခ ခန်းမထဲရောက်လာတော့ စစ်ခမိခင်ဖြစ်သူမှ
"သား လာ ဒါ မေမေ့မိတ်ဆွေတွေ ""ဟယ် ခခ သားလေးက အချောလေးပဲ ငါ့မှာသမီးလေးရှိတယ်နော် "
"အဟား ထိပ်ထားကတော့ လေ ခသားကို ရည်ရွယ်ထားတဲ့သူရှိပီသားပါအေ "
" အော် ဒါထိပ်ထားသမီးလေ မြသွေးစံတဲ့  ဒါက "
"သမီးသိပါတယ် မာမီရဲ့  ကိုမင်းစစ်ခက သမီးတို့စီနီယာလေ "လူကြီးတွေစကားကြနေတာနဲ့  စစ်ခနဲ့မြသွေးလည်း ဝိုင်းတစ်ခုမှာထိုင်လိုက်ပီး စကားပြောဖြစ်ကြတယ်
သက္ကရာဇ် ခန်းမထဲရောက်တော့ ဝိုင်းတစ်ခုမှာထိုင်နေတဲ့
မြသွေးနဲ့  မင်းစစ်ခဆိုတဲ့ လူ ဘာတွေပြောပီးရယ်နေကြတာလဲမသိ သူ့စိတ်ထဲ ဘဝင်မကျဟွန့်  ရီနေတာ ပါးစပ်နားတပ်ချိတ်တော့မယ် ဟွန့်
အယ် သူဘာသာရီတာ ငါနဲ့ ဘာဆိုင်တာကြ"သား ဘာဖြစ်လို့လဲ မျက်နှာလဲမကောင်း "
"အာ ဘာဖြစ်ဘူး ဒီတိုင်း လူအရမ်းများလို့  "
"ဒါဆို ခနလေးနေ ပြန်ကြမယ် လေ "ဝိုင်းတစ်ခုမှာဝင်ထိုင်လိုက်တယ် စိတ်ဘဝင်မကျတာကြောင့် စားပွဲပေါ်က အချိုရည်ခွက်ကို ယူသောက်လိုက်တော့
" အမလေး ပူလိုက်တာ ဘာဖျော်ရည်ကြီးလဲ "
[အယ် Hostရယ် ဘာမပြောညာမပြောသောက်လိုက်ရလား အဲ့တာဖျော်ရည်မဟုတ်ဘူး ယမကာတွေ ]သက္ကရာဇ် မူးလာသလိုခံစားရတယ် ကမ္ဘာကြီးတစ်ခုလုံးလည်နေသလိုပဲ လူတွေဟာလည်း သုံးလေးယောက်ဖြစ်နေတယ်
"ဟာ ငါ့ညီ ဝိုင်တွေသောက်ထားတာလား "
"ဟီး ကိုကို ညီလေး နည်းနည်းလောသောက်မိသွားတာ အဟဲ ကိုကိုက သုံးယောက်တောင် အဟား "
သက္ကရာဇ်အသံကြောင့် လူတွေဟာ သူ့ကိုကြည့်လာကြတယ်
"ဟွန့်  ဘာကြည့်တာလဲ ဗျ " နူတ်ခမ်းလေးဆူကာ ရန်လိုသလိုပြောနေသော ချစ်စရာကလေးလေးကြောင့် လူတွေဟာ သဘောကျစွာပြုံးပီး ပြန်လှည့်သွားကြလေတယ်စစ်ခလည်း အမူးသမားကလေးကို ကြည့်မိတယ် တကယ်ချစ်စရာလေး ဘယ်သူမှမမြင်အောင်သိမ်းထားလိုက်ချင်စိတ်ပေါက်လာတယ် သေချာပါတယ် သူ ကလေးကို ချစ်မိနေပီ
YOU ARE READING
Meeting Ultimate Gods System(completed)
Romanceဒါလေးကတော့ ပုကြုတို့ရဲ့  ဖူးစားရေးနတ်ဘုရားလေး နဲ့  သူ့ ရဲ့  လောင်ကုန်း ဖြစ်လာမဲ့  သူလေးရဲ့  အကြောင်းလေးပေါ့နော် အားပေးမယ်ဟုတ်