Arc(10.7)

4.1K 503 7
                                    

သီးချင်းသံ ဘယ်ကထွက်လာလဲ သိပ်တော့စဉ်းစားစရာမလိုပေ။ ဒီအခန်းတွင်း ထိုကျောက်ရုပ်ထုတွေသာ ရှိသည်မို့ ဆသချာတာက ထို ကျောက်ရုပ်တွေကို ဖျက်ဆီး ပစ်ရမယ်ပင်။ ထိုအရုပ်တွေကို   ဘာမဖြစ်တဲ့လူတွေက  ဝိုင်းဖျက်ဆီးကြပေမယ့်   ခိုင်ခံ့လွန်းတာကြောင့် တော်ရုံမပျက်စီးပေ။ 

သွေးပျက်အော်ဟစ်နေကြတဲ့လူတွေဟာ  ပုံရိပ်ယောင်တွေဟာ သူတို့  စိတ်အတွင်းဆုံးက  ကြောက်ရသည့် အရာတွေ ဖြစ်နေတာကြောင့်ပင်။လင်းရန်မှာ  ဝမ်းနည်းစွာ ထိုင်ငိုယို နေလေတယ်။ သူ့ကို   ဇူးချန်ဟာ  မုန်းတီးသွားကာ  ပစ်ခွာသွားတဲ့ပုံရိပ်ကြောင့်  အသည်းတစ်ခုလုံးကြေမွခံလိုက်ရသလို ပင်။  

"ဇူးချန်   ကိုယ့်ကို မမုန်းပါနဲ့  အင့်  ကိုယ် မင်းမရှိ ရင်   သေမှာ အီး ……ဟီး  ဟီး "

ဇူးချန်မှာ  လင်းရန်  ကိုကြည့်လိုက် ခေါင်းကုတ်လိုက်နဲ့  ရီရခက်  ငိုရခက်ပင်။ ကျောက်ရုပ်ထုတစ်ခုကို ဖျက်ဆီးလိုက်တာတောင်  သီချင်းသံတွေ ကြားနေရဆဲ  ပြီးတော့  သွေးပျက်နေတဲ့ လူတွေဟာ  နှာခေါင်းတွေပင် ယိုကြလာပေတော့တယ်။ 

လင်းရန်တွက်  ဇူးချန် စိတ်ပူသွားမိတယ်။ လင်းရန်ပုခုံးကို ဆုတ်ကိုင်ကာ

"လင်းရန်  ထစမ်း  လင်းရန်   "

"sorry လင်းရန်  ဖြန်း  ဖြန်း "

အသိဝင်အောင် ဇူးချန်လင်းရန် ပါးကို ရိုက်နှက်ကာ နိုးသော်လည်း   လင်းရန် အသိဝင်မလာခဲ့။ 

"စိတ်ဆင်းရဲတယ်  လင်းရန် မင်း ဘယ်မှမသွားပဲ ဒီနားပဲ ထိုင်စောင့်နေ  ငါ သူတို့ကို သွားကူအုံးမယ်"

လင်းရန် မကြားမှန်း သိသော်လည်း  ဇူးချန် အသိပေးကာ  ထွက်လာခဲ့လေတယ်။ လင်းကျိ  ခွင့်မပြုတာကြောင့်  ရုပ်ထုတွေ ဖျက်ဆီးမည့်သူထဲ ရှင်းမန်မပါပေ။  ဒါပေမယ့်  ရှင်းမန်  ငြိမ်မနေပါ။  ကျောက်ရုပ်ထုတွေကို လိုက်လံလေ့လာလေတယ်။   ကျောက်ရုပ်ထုကို အနီးကပ်လေ့လာမိတော့   ခေါင်းတအားမူးပေမယ့်   ရှင်းမန်   ကျောက်ရုပ်ကနေ ထွက်နေတဲ့   သေးသွယ်လွန်းတဲ့  ကြိုးစလေး  တွေ့လိုက်ရတယ် ။ ထို့ကြောင့်  ဘာမှန်း မသိပေမယ့် တစိခုခုထူးခြားမယ် ဆိုတာ သိနေတယ်။  ဒါကြောင့် ထို ကြိုးစာကို ဆွဲလိုက်တော့  သီချင်းသံတွေ ရပ်သွားလေတော့တယ်။ကြိုးဟာ ပါးလွှားတာကြောင့်  ရှင်းမန် လက်ကို ရှသွားလေတယ်။ 

Meeting   Ultimate  Gods  System(completed)Where stories live. Discover now