Arc(9.2)

5K 581 1
                                    

Zane   တိုက်ခန်း ပြန်ရောက်တော့   ပစ္စည်းတွေကို နေရာချကာ   ဖုန်းအသစ်ကိုင်၍ ဂိမ်းသာ ထိုင်ဆော့လေတော့တယ်။ Zane တစ်ယောက် အားလပ်ရက်တွေကို ဘယ်မှမသွားပဲ  ဂိမ်းဆော့ရင်းသာ ကုန်ဆုံးလိုက်တော့တယ်။

ဒီနေ့ တွင် သူဟာအဖွဲ့ အစည်းတွေ တာဝန်ပြန်ထမ်းဆောင်ရပေတော့မယ်။ Zane     စောစောထကာ ပြင်ဆင်လိုက်ပြီး   ကားမောင်းက ထွက်လာခဲ့လေတယ်။ကားထဲတွင်စကိတ်ကိုပါ ထည့်ယူလာခဲ့လေတယ်။ ကားထဲက ဆင်းတာနဲ့  စကိတ်စီးကာ အဖွဲ့ အစည်း အဆောက်အဦးထဲ ဝင်လိုက်လေတယ်။

"Zane လာပြီလား  အစ်မ ချောကလက်မစ် ဖျော်လာပေးမယ်နော်" 

"Zane   နောက်ကျတယ်နော်  "

အဖွဲ့ အစည်းထဲက လူတွေဟာ Zane ကို နူတ်ဆက်ကြတယ်။Zane က အားလုံးရဲ့ အချစ်တော်လေးပင်။ Zane သူ့နေရာဖြစ်တဲ့ ကွန်ပျူတာရှေ့  နေရာယူလိုက်ကာ အေးဆေးထိုင်နေလိုက်တယ်။

"ရော့ Zane ချောကလက်မစ်   သောက် ခနနေ  Zane အကူအညီ အစ်မလိုနေသေးတယ်နော် "

"ဒါပေါ့ ဒီချစ်ရတဲ့ အစ်မကို မကူညီရင် ဘယ်သူ့ ကိုသွားကူညီရမလဲ"

"ကောင်းပါပြီ"

Zane  ချောကလက်မစ်ကို ယူသောက်လိုက်ပြီး  ထိုင်ခံကို လည်ပြီး လျောက်ဆော့နေလေတယ်။

"Zane  အစ်မကို ဒီလူ့ အချက်အလက်လေး စုံစမ်းပေးနော်  ငါ့မောင်ကိုပဲ အားကိုး ပါတယ် ကျန်တဲ့သူတွေကို ရှာခိုင်းထားပေမယိ့ ဟင်း ဟင်း သိတဲ့အတိုင်းပဲ "

Zane  ရဲ့  လက်ရှည်ရှည်သွယ်သွယ်လေးတွေဟာ ကီးဘုတ်ပေါ် ပြေးလွှားနေရင်း  အစ်မ Amie ပေးလာတဲ့ လူတွေအကြောင်း ရှာဖွေလိုက်တယ်။ ထိုလူတွေရဲ့ အချက်အလက်တွေကို စတင်hackလိုက်တော့  ကုတ်တွေ အထပ်ထပ် ကျလာလေတယ်။Zaneလည်း ကုတ်တွေကို အေးဆေးစွာ ဖြေလိုက်တယ်။ တစ်ဖက်က hack ကလည်း   သူ့လောက်မတော်တောင် မညံ့ပေ။ အချက်အလက်တွေကို လိုက်ကာနေလေတယ်။

"အဟက်"  Zane သဘောကျရီလိုက်ကာ  အချက်အလက်တွေကို အေးဆေး down ယူလိုက်တယ်။ တစ်ဖက် hacker ဘယ်လောက်တောင် ခံပြင်းနေမလဲ ဆိုတာ တွေးကြည့်တော့  သူ ကျေနပ်စွာပြုံးလိုက်လေတယ်။

Meeting   Ultimate  Gods  System(completed)Where stories live. Discover now