လင်းကျိ နံရံပေါ်က ပန်းချီတွေကို သေချာ စေ့စပ်ကြည့်လိုက်တာ ပန်းချီတွေ ဟာ တစ်ချိန်က ဘုရင်ကြီးဟာ လုပ်ကြံမှု တစ်ခုကြောင့် နာမကျန်း ဖြစ်ခဲ့ရလေတယ်။ အိမ်ရှေ့စံမင်းသားကို ထီးနန်းမပေးချင်တဲ့ မိဖုရားကြီးက နတ်ဆရာတွေနဲ့ ပေါင်းကာ အိမ်ရှေ့ စံအပါအဝင် လူပေါင်း ငါးရာ ကို လောကနတ်ဘုရားထံ ပေးအပ်ပါက ဘုရင်ကြီး နေပြန်ကောင်းလာမည် ဆိုကာ အိမ်ရှေ့ အိမ်မင်းသားကို အရှင်လတ်လတ် အခေါင်းသွင်းစေကာ အပျို တစ်ရာ လူပျိုတစ်ရာ အအို တစ်ရာ ပညာတတ်လူတစ်ရာ ပညာမဲ့လူတစ်ရာ ဖမ်းဆီးကာ အရှင်လတ်လတ် မြေမြှုပ်စေခဲ့လေတယ်။
ထိုလုပ်ရက်ကြောင့် ဘုရင်က ကျန်းမာလာသော်လည်း သာမန်လူလို မဟုတ်ပဲ အလောင်းကောင်ပမာ ဖြစ်လာခဲ့လေတယ်။ ထို့ ကြောင့် မိဖုရားကြီးက လောကနတ်ဘုရားရုပ်ပုံကို ပြုလုပ်စေကာ ဘုရင် ကြီးကို ထိုအထဲ ပိတ်လှောင်စေပြီး သင်္ချိုင်းဂူ ထဲမှာ ထားထားခြင်းဖြစ်တယ်။
"ရှင်းမန် လင်းရန် အဲ့နားမှာ မနေနဲ့  အန္တရာယ်ရှိတယ်"
ဇူးချန် အပြောကြောင့် ရှင်းမန်နဲ့  လင်းရန်ထိုနေရာ ထတဲ့အချိန် လောကနတ်ဘုရားရုပ်ဟာ အက်ကွဲလာလေတယ်။ လင်းကျိကတော့ အပူတလဲ ထွက်ပေါက်ကို ရှာဖွေနေလေတယ်။ ရှင်းမန်နဲ့ လင်းရန်ကို နောက်ကို ဆုတ်လိုက်ကာ ထိုအထဲက ဘာကြီးထွက်လာအုံးမလည်း မသိပေမယ့် မိမိကိုယ့်ကို ကာကွယ်ဖို့  ဓားကို ယူထားလိုက်လေတယ်။
လောကနတ်ဘုရားရုပ် အက်ကွဲကာသွားကာ ထိုအထဲမှ မျက်လုံးတွေနီရဲတောက်နေပြီး တည်နေတဲ့ မျက်နှာထားတဲ့ နဂါးဝတ်ရုံတော်နဲ့ အပြာရောင်တမ်းနေတဲ့ အသားအရည်တွေနဲ့  လူဟာ ထွက်လာလေတယ်။ ပြီးမှ ရှင်းမန်တို့ ဘက်ကို လှည့်လာကာ ပါးစပ်ကြီးဟလျက်
"ဂါး…………" ဆိုပြီး အော်ဟစ်ကာ လာလေတော့တယ်။ ပြီးတော့ တစ်လှမ်းချင်းစီ သူတို့ဆီ လာနေပုံအရ ခန္ဓာကိုယ်ဟာ ပျော့ပြောင်းမနေပဲ တောင့်တင်းနေပုံပင်။ထို့ နောက် အခန်းတွင်းက အခေါင်းတွေကပါ ကုတ်ခြစ်သံတွေ တွန်းဖယ်သံတွေ ထွက်လာတာမို့  ။
YOU ARE READING
Meeting Ultimate Gods System(completed)
Romanceဒါလေးကတော့ ပုကြုတို့ရဲ့  ဖူးစားရေးနတ်ဘုရားလေး နဲ့  သူ့ ရဲ့  လောင်ကုန်း ဖြစ်လာမဲ့  သူလေးရဲ့  အကြောင်းလေးပေါ့နော် အားပေးမယ်ဟုတ်