Oscar ကိုယ်ဝန်ရင့်လာတော့ Jonathan က အ လုပ်သွားခွင့်မပြုတော့ အိမ်တွင်ပဲနေရတယ် ဒါဟာ သူအတွက်ပျင်းစရာကောင်းတယ် Oscar Jonathan အလုပ်ဆီ လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ် Oscar ချိုင့်ဆွဲကာ ကားငှားပြီး ထွက်လာလိုက်တယ်
Oscar ကုပ္မဏီရှေ့ ရောက်တော့ တိုက်ဆိုင်စွာပင်
Danial လည်းရောက်လာတယ် Danial က Oscarကို စေ့စေ့ကြည့်ကာ"ငါ့ညီက တကယ်ကို မျက်နှာပြောင်တိုက်တာပဲ သူများချစ်သူကိုတောင်လုယူရဲတယ် ငါ့ညီနေရာမှာဆို ဒီအစ်ကိုတော့ ရှက်လွန်းလို့  ကိုယ့်ကိုကို သတ်သေလိုက်မှာ "
သူတို့နှစ်ယောက်ကို လူတွေက ကွက်ကြည့်ကွက်ကြည့် ဖြင့်တီးတိုးပြောဆိုနေကြတယ် သူများအမြင်အဲ့လိုထင်နိုင်စရာပင် ဘာလို့ဆို သူခု သူ့ချစ်သူနဲ့  လက်မထပ်ရသေး အရင်က သူ့ ချစ်သူနဲ့  Danial က ချစ်သူတွေပါဆိုပြီး တရုံးလုံးသိထားတာကြောင့် သူအခု ကြာကူလီကောင်ဖြစ်သွားရလေတယ်
Oscar ဝမ်းနည်းတဲ့ပုံစံလေးဖြင့် Danial ကို ကြည့်ကာ "ကျွန်တော် တကယ်မရည်ရွယ်ပါဘူး "
ထိုစကားကြောင့် လူတွေဟာ Oscarကို ရွံ့ ရှာဖွယ် ပြောဆိုနေကြတာကြောင့် Danial ပျော်သွားတယ် ထိုကြောင့် မီးလောင်ရာလေပင့်ဆိုသလို
"ဟက် ငါ့ညီက တကယ်ကိုသရုပ်ဆောင်တော်တာပဲ တကယ်ဆို ဝမ်းနည်းသင့်သူက ဒီကလူပါ ကိုယ်ချစ်ရသူက တခြားသူကြောင့် ကိုယ်အပေါ်လျစ်လျူရှု ကိုယ်ဝန်ဆိုတဲ့အကြောင်းပြချက်နဲ့  ကိုယ်အပေါ်ပြစ်ခွာသွားတာကို ငါ့ညီလို လူမျိုးက တကယ်ကော ကိုယ်ဝန်ရှိတာရော ဟုတ်ရဲ့ လား ပိုက်ဆံအတွက်နဲ့  ခုလိုသိက္ခာမရှိတဲ့လုပ်ရပ်မျိုး မလုပ်သင့်ပါဘူး "
Oscar Danialကို မတရားချဉ်နေပေမယ့် အပြင်မှာတော့ မျက်ရည်လေးစမ်းစမ်းနဲ့  ဝမ်းနည်းရှက်ရွံ့ တဲ့ပုံစံလေးဖန်တီးထားလေတယ်
[host ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်ပဲ nice ]
ဒါပဲလေ ငါကဘယ်သူမို့လည်း ဟက် သူအလှည့်ပြီးပြီးဆိုတော့ ငါအလှည့်ပေါ့ တံခွန် ငါ့လူကြီးမလာသေးဘူးလား
YOU ARE READING
Meeting Ultimate Gods System(completed)
Romanceဒါလေးကတော့ ပုကြုတို့ရဲ့  ဖူးစားရေးနတ်ဘုရားလေး နဲ့  သူ့ ရဲ့  လောင်ကုန်း ဖြစ်လာမဲ့  သူလေးရဲ့  အကြောင်းလေးပေါ့နော် အားပေးမယ်ဟုတ်