Arc(5.3)

5.6K 634 3
                                    

Zero  နိုးလာတော့   နောက်နေ့ပင် ရောက်နေချပြီဖြစ်တယ်။  ရေမိုးချိုးသန့်စင်ပြီး Charlesနဲ့ အတူ    မနက်စာ စားဖို့ ထွက်လာလိုက်လေတယ်။  သူတို့ ထမင်းစာဆောင်ရောက်တော့   မနေ့က အခန်းလိုက်ပြသည့် Ren က  လက်ပြကာ  ခေါ်လေတော့ သူတို့နှစ်ယောက်လည်း Renနား ဝင်ထိုင်လိုက်လေတယ်။ 

"မနက်စာ က ပေါင်မုန့်နဲ့  ဘီစကစ်တစ်ချို့ ပဲ ရတယ်  ခုနောက်ပိုင်း လူဦးရည် တိုးလာလို့  အစာတွက် ခက်ခဲလာတယ်လေ "

Ren အပြောကို  သူတို့နှစ်ဦး ခေါင်းငြိမ့်ကာ  သူတို့တွက် ဝေစုကို  စားပြီး  စမ်းသပ်ခန်းဘက်ကို  Ren အကူအညီနဲ့ ထွက်လာခဲ့ကြလေတယ်။  ဓာတ်ခွဲခန်းသည်  D  base ရဲ့  မြေအောက်တွင်ဆောင်ထားတာ ဖြစ်ပြီး   ရိုးရိုးလှေကားကို သာ သုံးရလေသည်။အကြောင်း တစ်ခုခုကြောင့် စပ်းသပ်နေသည့်  zombieတွေကို မထိန်းချုပ်နိုင်ခဲ့ရင်  ပြသာနာ မဖြစ်အောင်ပင်။  Zombie တွေရဲ့  အရိုးအကြောဖွဲ့ စည်းပုံကြောင့်  လှေကားပေါ် မတက်နိုင်။

မြေအောက်ခန်း အပေါ်ဆုံးထပ်ဝယ်စက်မှုနည်းပညာရှင်တစ်ချို့ က  zombie ဒဏ် ခံနိုင်မည့် ကားတွေ ဘာညာသာတကာတွေကို တီထွင် စမ်းသပ်ကြလေတယ် ။
ထို့ နောက်  အောက်ဆုံး ခန်းဝယ်  တစ်ချို့ ပညာရှင်တွေက zombieရဲ့  လုပ်ဆောင်ချက်တွေကို လေ့လာနေကြသလို   တစ်ချို့ က  ဆေးတွေကို စမ်းသပ် နေကြလေတယ်။ 

တစ်ထပ်နဲ့ တစ်ထပ်မှာ   သံတံခါးတွေကို အသုံးပြုထားလေတယ်။ တော်ရုံဝင်ရောက် ထိုးဖောက်နိုင်ဖို့ မလွယ်ပေ။ 
Zero  မျက်စိ ကစားရင်း   အခန်းတစ်ခုကို  တွေ့ လိုက်ရသည်။  ထိုအခန်းတွင်  လက်နှစ်ဖက်နဲ့  လည်ပင်တွေမှာ  သံကြိုးတွေနဲ့ ချည်နှောင်ထားပြီး  ကြီးမားတဲ့ သံတိုင်တွေကြားထဲက လူတစ်ယောက်။  no အဲ့တာ zombie တစ်ယောက်ဆို  ပိုမှန်လေမည်။ 

"အဲ့အခန်းက  Alex အခန်းလေ  ခုတော့ Zombie ဖြစ်သွားလို့  ချုပ်ထားရတယ်  သူ့ကို စမ်းသပ်ခံ လုပ်ဖို့   ဘယ်ဆရာဝန်မှ မလုပ်ချင်ကြဘူး    Alex တစ်ခုခုဖြစ်ရင်    Alex အဖွဲ့ သားတွေက အရှင်ထားမယ်မထင်ဘူး  " 

Alex ဆိုတဲ့ အသံကြောင့်   Zero မျက်လုံးအရောင်တောက်ပသွားလေတယ်။  ဒါကိုတွေ့ တဲ့ Charles တစ်ယောက်   သိပ်သဘောမကျပေ။ 

Meeting   Ultimate  Gods  System(completed)Where stories live. Discover now