Arc(5.4)

5.3K 654 0
                                    

Zero  ဒီကမ္ဘာမှာနေတာ တစ်လကျော်ခဲ့ပြီ ဖြစ်တယ်။ ခုချိန်ထိ  ဆေးဖော်ရမည့် အချက်အလက်နဲ့   ပါဝင်ပစ္စည်းတွေ  လုံလုံလာက်လောက်မရှိသေး။  အရင်ကမ္ဘာ(arc 2)က  ဖြေဆေးက ဒီကမ္ဘာမှာ အသုံးမဝင်ချေ။  Alex ကတော့   လုံးဝ zombie အဖြစ်ပြောင်းလဲသွားပြီး  တစ်ချိန်လုံး သောင်းကျန်းနေတတ်တယ်။   zombie တွေရဲ့  အနံ့ခံစွမ်းအားက အတော်ကောင်းတာကြောင့်  လူနံ့ ရရင်  အသိစိတ်ပိုလွတ်တတ်သွားကြလေတယ်။ 

Zero ကို တခြားဆရာဝန်တွေက Alexနဲ့ အတူ မနေဖို့ ပြောကြပေမယ့်  Zero လက်မခံ။ Alex သွေးက   ဖြေဆေးနဲ့  တစ်နည်းနည်း ပတ်သပ်မယ်  ထင်တာကြောင့်   Alexကို အနီးကပ်လေ့လာရန်သာ  သူနေဖို့ ဆုံးဖြတ်ထားလေတယ်။ 

Charles တစ်ယောက်  တခြားသူတွေထက် ထူးချွန်တဲ့ Zero ကို သဘောကျမိတယ်။ ဒါပေမယ့် ဒီတစ်လလုံးမှာ  Zeroကို တွေ့ ရဖို့ အတော် ခက်ခဲလေတယ်။  နေ့လည်စာ စားချိန်ကလွဲ   Zero အပြင်မထွက်ပေ။ မနက်စာနဲ့ ညစာကို  Banနဲ့  Ren ကတစ်လှည့်စီ လာပို့ပေးပြီး  Alexကို လည်း  လာကြည့်တတ်ကြသည်။ 

Zero   မေ့ဆေးပေးထားလို့  သတိမေ့နေတဲ့ Alexကို ကြည့်ကာ  စိတ်မကောင်း ဝမ်းနည်းမိတယ်။  ဒီကမ္ဘာမှာ သူ့ချစ်သူက အရမ်းအားနည်းတဲ့ အငွေ့အသက်သာရှိတာမို့   တစ်လလောက် အနီးကပ်နေပြီးမှ သူ့ချစ်သူမှန်း သိခွင့်ရခဲ့တာဖြစ်တယ်။ အကောင်းဆုံးကြိုးစားနေပေမယ့်   ဖြေဆေးကမအောင်မြင်။   ဇာတ်ကြောင်းမှာ ဖြေဆေးဖော်နည်းပြောပြမထားသလို   သူမှတ်ညဏ်ကိုလည်း  အတိအကျ ပေးထားခြင်းမရှိတာကြောင့်  စိတ်ညစ်နေလေတယ်။   

Zero Alex ပါးကို ထိကိုင်ရင်း   မျက်ရည်ကျမိတယ်။  Alex လက်သည်းတွေဟာ  အနက်ရောင် သန်းနေပြီး  တစ်လက်မလောက်တောင် ရှည်နေလေတယ်။ညှပ်ထုတ်ရင်လည်း အလိုလျှောက်ပြန်ရှည်လာသည်မို့   နောက်ပိုင်း  ညှပ်မပေးဖြစ်တော့။  

"ဒေါက်  ဒေါင်  Zero  နေ့လည်စာ စားရအောင်"

အပြင်က Charlesအော်သံကြောင့်   Zero  Alexကို  ချုပ်ထားတဲ့ သံတိုင်တွေကို  ထွက်လာအောင်  နံရံပေါ်က ခလုတ်တစ်ချို့ ကို နှိပ်ကာ   ထွက်လာခဲ့လေသည်။

"Zero  အိပ်ရေးမဝဘူးထင်တယ်  မျက်ကွင်းတွေညိုနေတယ်နော်"
သူ့မျက်နှာကို ထိကိုင်ရင်းပြောလာတဲ့ Charlesကြောင့်  Zero အသာ ရှောင်လိုက်သည်။

Meeting   Ultimate  Gods  System(completed)Where stories live. Discover now