Arc(8.10)

5.5K 551 4
                                    

ဂျာမြောင်  သေရည်အဝသောက်နေလေတယ်။ သေရည်ထဲက  ဆေးကြောင့် ဂျာမြောင် အဝသောက်လိုက်လေတယ်။ သူ့စိတ်ထဲ တွေးမိတယ်။ဒီကမ္ဘာက ဇာတ်လိုက်မ အတော်ညံ့သည်ဟုပင်။ အဆိပ်မှန်း မသိ အားဆေးမှန်းမသိ  ဘယ်လောက်တောင် တုံးလိုက်လည်း။

အဆိပ်ခပ်မည် ဆိုလည်း အဆိပ်အကြောင်းတော့ သေချာသိသင့်တယ်မလား။ သို့ သော် ဇာတ်လိုက်မအကြောင်း ဖော်ထုတ်ဖို့   လိုနေသေးတယ်မလား။ ထို့ ကြောင့် တည်ခင်းထားတဲ့ အထဲက သေရည်ထဲပါတဲ့ အားဆေးနဲ့ မတည့်တဲ့   အရွက်ကို တစ်လုတ်လောက် စားလိုက်တယ်။

ဂျာမြောင် စားပြီးမှ နောင်တပင် ရချင်သွားတယ်။ ရင်ဘတ် ထဲ ပူလာကာ  နှလုံးတစိခုလုံး ဖျစ်ညစ်ခံရသလို သွေးပြောင်းပြန်ဖြစ်သွားရလေတယ်။ ဝမ်ဂွန်  ဂျာမြောင်ကို အရိပ်လို ကြည့်နေတတ်သည်မို့   နည်းနည်းလေး ပြောင်းလဲသွားတဲ့ ပုံကိုကြည့်ကာ စိုးရိမ်သွားလေတော့တယ်။

"ဂျာမြောင်  ဘာဖြစ်တာလည်း  ဘယ်နားနေမကောင်းဘူးလည်း"

ဂျာမြောင်နားသွားကာ  ပုခုံးကို ဆုပ်ကိုင်ရင်းမေးတော့ နေရခက်တဲ့ပုံနဲ့  ဂျာမြောင်ဟာ သွေးတွေကို ဖူးကနဲ့  မှုတ်ထုတ်လာလေတော့တယ်။ပြီးမှ   သတိလစ်သွားလေတော့တယ်။ဝမ်ဂွန်ဟာ  သတိမေ့သွားတဲ့ ဂျာမြောင် ပွေ့ ကာ သမားတော်ဆောင်ကို သုပ်ခြေတင်ပြေးလွှားလေတော့တယ်။ 

"အရှင် အသက်အန္တရာယ် မရှိတော့ပါဘူး"

သမားတော်ဆီက ထိုစကားကြားရမှ သူနေသာတော့တယ်။ချက်ချင်းပင် တရားခံတွေကို စစ်ဆေးမေးမြန်းတော့

"ချယ်ယောင်း ဟွားချယ်ယောင်း  ဟင်း  ကြည့်ရတာ အလွတ်ပေးလို့ မရဘူးပဲ တစ် သူမကို ကောင်းကောင်းမြှုပ်နှံ့ ပေးလိုက်တော့  ဒါ ငါ့ရဲ့ နောက်ဆုံးသော စာနာမှုပဲ"

ဟွားချယ်ယောင်း ဆိုတဲ့ သူမကို ငယ်စဉ်က  ချစ်ခဲ့မိသော်လည်း  ပြန်ပေါ်လာတဲ့တစ်လျောက် သူမဟာပြောင်းလဲသွားခဲ့တယ်။ သူ့ကို ချစ်တာထက် သူ့ရဲ့ ထီးနန်းကိုဆို ပိုမှန်လေမလား။ ဒါပေမယိ့ ဒီတစ်ခါတော့  အထိမှားတယ်။ သူ့ကို ထိရင်  မသိသလို နေပေးလိုက်မှာ ဖြစ်သော်လည်း  ဂျာမြောင်ကို ထိရင်တော့ ဘယ်လို လူမျိုး ဘယ်သူ ဖြစ်ဖြစ် ဝမ်ဂွန် ဆိုတဲ့ သူက ငရဲကို ပို့ပေးမယ် ဖြစ်တယ်။ 

Meeting   Ultimate  Gods  System(completed)Where stories live. Discover now