Arc(7.3)

5.4K 643 1
                                    

နောက်နေ့ မှာတော့ စောရာ စောစောနိုးလာခဲ့တယ်။မနက်စာကာ  မှူးရဲ့  လက်ရှိ လှုပ်ရှားနေမှုတွေကို ရှာကြည့်ရင်း ခနနားကာ  ရေချိုးသန့်စင်လိုက်တယ်။  စောရာ  သာမန်ဆန်တဲ့ ရှပ်အဖြူ လက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်ထားပြီး  ဂျင်းဘောင်းဘီ အနက်ရောင် ဒူးပြဲနဲ့ တွဲဝတ်လိုက်ကာ  ဆံပင်ကို အနည်းငယ် ပင့်ထားလိုက်တယ်။ သူ့ ပုံစံဟာ အနည်းငယ် လူကြီးဆန်ချင်သယောင်။ ပြီးတာနဲ့  လိုအပ်တဲ့စာရွက်စတန်းတွေ ယူကာ  ဈေးဝယ်စင်တာဘက် ထွက်လာခဲ့လိုက်တယ်။  ဈေးဝယ်စင်တာဘက် ထွက်လာရတာက  ဖုန်းအသစ် လိုချင်တာကြောင့်ပင်။

ဖုန်းဝယ်ပြီး  လူရွေးပွဲနေရာကို ဒါရိုက်ထွက်လာခဲ့လိုက်တယ်။  သူရောက်တော့  လူအနည်းငယ်သာ ရောက်သေး၍  အတော်ပင် ဖြစ်သွားလေတယ်။ တစ်နာရီနီးပါး စောင့်ပြီးမှ လူရွေးပွဲ စတင်လေတယ်။

"ဘယ်လိုတောင်  အသုံးမကျတဲ့ သရုပ်ဆောက်ချက်လည်း   ဒီလိုပုံစံနဲ့  ငါ့ဇာတ်ကားမှာ ပါချင်သေး"

ဒါရိုက်တာ ဖြိုးဇင်ကိုဟာ  ငယ်ရွယ်ပြီး အရည်အချင်းရှိပေမယ့် ပွင့်လင်းကြမ်းတမ်းတဲ့  နူတ်ရည်က  ဝါရင့်သရုပ်ဆောင်တွေပင် ကြောက်ရသည်ထိပင်။ ခုလည်း လူသစ်ကို ပြောလိုက်သည်မှာ လူသစ်က မျက်ရည်ပင် တစမ်းစမ်း ဖြစ်သွားရသည်ထိပင်။ စာရေးဆရာကတော့  မျက်မှောင်ကျုံ့ ကာ  သူမျှော်မှန်းထားတဲ့ လူသစ်ကို စောင့်မျှော်နေလေတယ်။

"နောက်တစ်ယောက် "

စောရာအလှည့်ကို ရောက်လာခဲ့လေတယ်။  စောရာ အခန်းထဲ တွင်လိုက်တော့  ဒါရိုက်တာ စာရေးဆရာ  ထုတ်လုပ်သူ တစ်ချို့ နဲ့   အရမ်း ခန့်ညားချောမောတဲ့ လူတစ်ယောက် ထိုင်နေတာ တွေ့လိုက်ရတယ်။ 

"မင်္ဂလာပါ  တင်စောရာလို့ ခေါ်ပါတယ်"

သူ မိတ်ဆက်လိုက်တော့  စာရေးဆရာ သော်တာမှိုင်းက အံ့သြသွားကာ သူ့ကို ကြည့်လာလေတယ်။ ပြီးတော့မှ ဇာတ်ညွှန်းတစ်ချို့ ပေးလာလေတယ်။ စောရာ ဇာတ်ညွှန်းကို ဖတ်လိုက်လေတယ်။ပထမတစ်ကွက်က   မင်းစိုးရာ တိုင်းပြည်ပြန်မယ့်အချိန် ဖြစ်ပြီး ဒုတိယတစ်ကွက်က  မင်းစိုးရာနဲ့  စောခမ်းရှင် ဒုတိယဘဝမှာ ပြန်လည်တွေ့ ဆုံချိန် ဖြစ်လေတယ်။

Meeting   Ultimate  Gods  System(completed)Where stories live. Discover now