Arc(10.6)

4.1K 523 11
                                    

"ဂါး……………"

အော်သံကြီးနဲ့ အတူ လဲကျသွားတဲ့ အလောင်းကောင်ကြီး ကြောင့်  ရှင်းမန် စိတ်လျော့ကာ  ထိုင်ချလိုက်မိတယ်။  နူတ်ခမ်းထောင့်မှ သွေးတွေ စီးကျကာ   ရှင်းမန်  ဒီနေရာမှာတင် လှဲ အိပ်လိုက်ချင်တော့တယ်။ရှင်းမန် ဟာ ထိုပညာတွေကို တတ်မြောက်သော်လည်း  မလုပ်ခဲ့သည်မှာ ရှင်းမန်ရဲ့  စိတ်စွမ်းအားနဲ့ ဝိညာဉ်ဟာ အားနည်းလို့ ပင်။

ရှင်းမန်  အားနည်းစွာ ကိုယ့်ကိုကိုယ် မထိန်းနိုင်တော့ပဲ လှဲကျတဲ့အချိန်    လင်းကျိ  က  ခေါင်းနဲ့ ကြမ်းပြင် မဆောင့်မိအောင်  အပြေးလေးထိန်းပေးလေတယ်။

"ရှင်းမန် ရှင်းမန်  "

ရှင်းမန်  ပင်းပန်ကာ  အိပ်ပျော်သွားလေတော့တယ်။ ထိုအချိန်  ဇူးချန်  နောက်ဆုံးအခေါင်းအောက်တွင် တံခါးတစ်ချက် ကို တွေ့ လိုက်ရတယ်။

"လင်းကျိကော လင်းရန် ဒီမှာ တံခါး တွေ့ ပြီ  မြန်မြန် ထွက်ရအောင် "

ပြောရင်း အိတ်တွေ ယူကာ လှဲနေတဲ့  လင်းရန်ကို ဆွဲထူပေးလိုက်တယ်။ ပြီးမှ   တံခါးကို ဖွင့်ကာ  အရင် ဆင်းလေတယ်။  လင်းကျိကတော့  အိပ်ပျော်သွားတဲ့   ရှင်းမာန်ကို ကျောပိုးကာ    ထိုတံခါးက ထွက်လာခဲ့လေတော့တယ်။

လှိုင်ခေါင်းလို နေရာမျိုးကို သူတို့ရောက်လာလေတယ်။ သူတို့   အရှေ့ ဘက်တွင်  လှုပ်လှုပ်ရှားရှားတွေ့ တာကြောင့်   သတိထား နေရတယ်။  အနီးကပ်ရောက်သွားမှ သူတို့အဖွဲ့ တွေမှန်းသိလိုက်ရလေတယ်။

"ခေါင်းဆောင်  မင်းတို့  ဘယ်လို ဒီရောက်နေတာလည်း"

လင်းရန်အမေးကြောင့်  ခေါင်းဆောင်းက  သက်ပြင်းချကာ  

"ချောက်ထဲ ရောက်တော့ အလောင်းကောင်တွေ တွေ့ တာနဲ့     ထွက်ပြေးရင်း   တွင်းပေါက်ထဲ ကျသွားတာလေ  ပြီးတော့ တောကြီးတစ်ခုထဲ ရောက်ခဲ့သေး  အဲ့မှာ  မြွေကြီးကြီး  လိုက်လို့   ထွက်ပြေးခဲ့ရတာ  လူသုံးယောက် သေသွားတယ်  အိုက်ယား    ပြီးမှ ဒီလှိုင်ခေါင်းထဲ ဝင်ပြေးရင်း ဒီရောက်လာတာပဲ  မင်းတို့ကော"

လင်းရန်လည်း သူတို့အဖြစ်ကြောင်းပြောပြတော့လခေါင်းဆောင်မှာ လာတာ မှားလေပြီ ဆိုတဲ့သနားစရာပုံလေးနဲ့ ကြည့်နေလေတယ်။

Meeting   Ultimate  Gods  System(completed)Where stories live. Discover now