Jonathan သတိရလာတော့ သူ့စိတ်ထဲအရင်ဝင်လာတာက သူချစ်ရသူနဲ့  ရင်သွေးလေးကိုပင် သူ့ကိုစောင့်နေတဲ့  Zoeကိုကြည့်လိုက်တော့ Zoeက အလိုက်သိစွာ ထူပေးလာပြီး
"Oscarက တစ်ဖက်ခန်းထဲမှာပါ သူ့ဆိုင်ကလူတွေရောက်နေတယ်လေ သားလေးမွေးလို့ ဂုဏ်ယူပါတယ် ငါ့ကောင်ကြီးရ"
Jonathan တစ်ဖက်ခန်းဆီ လျှောက်သွားရင်း အခန်းဝရောက်တော့ ချစ်ရသူလေးရဲ့ အသံကိုကြားလိုက်ရတာကြောင့် စိတ်အေးသွားရတယ်
"ကလေး က ချစ်စရာလေးတော့ မောင်လေးရေ မ ခနချီမယ်လေ "
"ဟင့်အင်း အမနောက်နေ့မှချီပါနော် ကျွန်တော် ကလေးရဲ့  ဒယ်ဒီကို အရင်ပေးချီချင်လို့ပါ"
"အမလေး ကောင်းပါပြီရှင် "
ထိုအသံကြားတော့ Jonathan ရင်ထဲ အပျော်တွေဟာ ပြောမရနိုင်အောင်ပင် Zoe လည်း အခန်းဝမှာ ရပ်နေသော သူငယ်ချင်းဖြစ်သူကြောင့်
"သွားလေ ဘာလုပ်နေတာလဲ မင်းသားလေးက မင်းကိုတွေ့ ချင်နေရောပေါ့ "
သူ့ကိုခေါင်းငြိမ့်ပြကာ အခန်းထဲဝင်သွားသော သူကိုကြည့်ရင်း Zoe ဝမ်းသာမိပါတယ်
*John ပျော်ရွှင်တဲ့မိသားစု ဘဝလေး ပိုင်ဆိုင်နိုင်ပါစေ*Oscar ဆိုင်ကလူတွေစကားပြောနေတုန်း အခန်းတံခါးဖွင့်သံကြောင့် ကြည့်မိတော့ ချစ်ရပါသော သူ သူ့ ကလေးလေးရဲ့  ဖခင် ဝမ်းသာ စွာ မျက်ရည်တွေကြားပြုံးရင်း
"ကိုကို" လို့  ခေါ်လိုက်တော့ အနားကိုရောက်လာကာ ထွေးပွေ့ ရင်း မျက်ရည်တွေ သုပ်ပေးလေတယ်မိသားစုလေး လွတ်လွတ်လပ်လပ်နေရအောင် ကျန်တဲ့သူတွေဟာ အလိုက်သိစွာ ထွက်သွားပေကြလေတယ်
"ကိုကို ဒီမှာကြည့်ပါအုံး babyတို့သားလေး "
Oscar ကလေးကို ပြတော့ ချစ်ရသူဟာ သူ့လက်ထဲက ကလေးကို တယုတယ ပွေ့ ချီကာ နဖူးလေးကို နမ်းလိုက်တယ် ထိုအချိန် ကလေးဆီမှ ငိုသံလေးထွက်လာတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြတယ်
ဆေးရုံအခန်းဝလေးကနေ ကြည့်နေတဲ့သူကလည်း သူရဲ့ ညီဖြစ်သူမိသားစုကို ကြည့်ရင်း ဝမ်းသာနေမိတယ် နောက်ဆုံးတော့ သူတို့လေးတွေ ပြန်လည်ဆုံဆည်းခဲ့ကြလေပြီ
YOU ARE READING
Meeting Ultimate Gods System(completed)
Romanceဒါလေးကတော့ ပုကြုတို့ရဲ့  ဖူးစားရေးနတ်ဘုရားလေး နဲ့  သူ့ ရဲ့  လောင်ကုန်း ဖြစ်လာမဲ့  သူလေးရဲ့  အကြောင်းလေးပေါ့နော် အားပေးမယ်ဟုတ်