Arc(5.10)

5.8K 591 3
                                    

Zero အပါအဝင်   တခြားသောသုတေသီ ဆယ်ဦးနဲ့  တပ်သားတွေဟာ   တောတွင်းbaseကို ရောက်လာခဲ့တာ တစ်လပင်ရှိပြီ။  Zeroရောက်ရောက်ချင်း   Zieo  ချစ်သူကောင်လေး   Ki  ကို  ဆေးကုသပေးခဲ့လေတယ်။ 
Zero   တီထွင်ခဲ့တဲ့ ဆေးဟာ Zombieပိုးကို ကာကွယ်ပေးနိုင်သလို  ကုသပေးနိုင်လေတယ်။  ဒါကြောင့်  ရှင်သန်နေတဲ့ လူတွေကိုသာ  ဦးစားပေး  ကာကွယ်ပေးလေတယ်။   

Alexနဲ့ ပင် တွေ့ မအားလောက်အောင်  သူတို့အလုပ်များနေလေတယ်။  Alexနဲ့ အဖွဲ့ သားတွေက   Zombieတွေကို ရှင်းလင်း နေရပြီး   သူကလည်း   baseကလူတွေကို ကာကွယ်ဆေး  ပေးနေရတာနဲ့ မအားပေ။ 

ညနက်လာတော့ Zeroတစ်ယောက်  ပင်ပန်းစွာ  အိပ်ရာလေးပေါ် ပစ်လှဲ လိုက်လေတယ်။ သူချစ်သူကို  မတွေ့ ရတာ အတော်ကြာပြီ ဖြစ်တာကြောင့် စိတ်ထဲနေမကောင်း ဒီထက်   သူ့ စိတ်ထဲ လေးလံလို့ နေလေတယ်။   မကောင်းတာတွေ ဖြစ်လာတော့မယ့် ခံစားချက်ကြောင့်  ချစ်သူကို  စိတ်ပူနေရလေတယ်။ 

Alex တို့   ညမိုးချုပ်မှ  စခန်းပြန်ရောက်လေတယ်။ တစ်ဖြေးဖြေး   အားနည်းလာသလို ခံစားချက်တွေကြောင့်  မကောင်းတဲ့အတွေးတွေ  ခနခနဝင်လာမိတယ်။  သူ့စိတ်ထဲ  သူမကြာခင်သေရတော့မယ်ဆိုတာ  ကို သိနေပေမယ့်  သူမသေခင်    Zeroတွက် လှပတဲ့ငြိမ်းချမ်းတဲ့ ကမ္ဘာလေး တစ်ခု ချန်ထားပေးချင်တာဖြစ်တယ်။  

"Alex  မင်းကြည့်ရတာ နေမကောင်းတဲ့ပုံနဲ့   Zeroကိုပြောပြီး  ဆေးလေးဘာလေးသောက်ရင်သောက်အုံး"

Banအပြောကြောင့်  Alex   မျက်နှာပျက်သွားပေမယ့် ချက်ချင်းပြန်ပြင်လိုက်တာကြောင့် Banမမြင်လိုက်ပေ။ Alex  Banကို ပြုံးပြကာ ခေါင်းညိမ့်ပြလိုက်ပြီး Zero အခန်းဘက် ထွက်လာခဲ့လိုက်လေတယ်။  အိပ်ပျော်နေတဲ့ သူလေးကို  သူ့လက်မောင်းထဲ ဖက်တွယ်လိုက်ရင်း   နဖူးလေးကို နမ်းရှိုက်လိုက်လေတယ်။  

"အင်းဟင်း  ……"  အသံပြုကာ ပြန်အိပ်စက်သွားတဲ့ ချစ်သူလေးကြောင့်  Alex အသည်းတယားယားပင်။ 

"မင်းလေး သိလား  ကိုယ်တကယ် စိတ်ပူမိတယ်  ကိုယ်သာ မရှိတော့ရင် မင်းလေး ငိုနေမလား အကာအကွယ်မဲ့နေမလား  တခြားတစ်ယောက်ကို ချစ်သွားမလား  ဟက် ကိုယ်ကလေ  အတ္တကြီးသလို ဖြစ်နေမလား  မင်းရဲ့ အရာအားလုံးကို  ကိုယ့်တစ်ယောက်တည်းတွက်ပဲ ဖြစ်တည်စေချင်မိတာ   ဒါပေမယ့်  ကိုယ့်တွက်   မင်းသာပျော်မယ်ဆို  ဘာမဆို  ဖြေဆည်းပေချင်တာ    ဒီကမ္ဘာကြီးထဲက  ပျောက်ကွယ်မသွားချင်သေးဘူးရယ်"

Meeting   Ultimate  Gods  System(completed)Where stories live. Discover now