Arc(5.7)

5.3K 600 0
                                    

Zero    Alexကို ဖက်ထားမိရာက အသိဝင်လာသောရှက်စိတ်လေးဝင်သွားမိတယ်။  Alexကို ကြည့်ပြီး   သူလုပ်နိုင်ခဲ့တာကို   သဘောပေါက်လိုက်တယ်။ Zero ကို  Alex  ကို  စစ်ဆေးကြည့်နေရင်း  နှစ်ယောက်သား   အကြည့်ဆုံသွားမိတော့   မနေနိုင်  ရှက်လို့ မျက်နှာလွဲလိုက်မိတယ်။ Alex  မျက်နှာလွဲသွားတဲ့  သူလေးကို မေးဖျားကနေ ကိုင်ကာ  သူနဲ့  မျက်လုံးချင်းဆုံစေလိုက်တယ်။ 

"ပြန်မှတ်မိနေတယ်မလား   ကိုယ့်ကိုပြောပါအုံး"

Alex ဘာကိုဆို လိုလဲ Zero သိတာကြောင့် ခေါင်းငြိမ့်လိုက်တယ်။  Zeroကို ငယ်စဉ်တည်းက   သိလာသူဖြစ်တာကြောင့်   Alexကို လိမ်မရပါ။ 

"တောင်းပန်ပါတယ်    ကျွန်တော်  မေ့ထားမိလို့  " 

ခေါင်းလေးငုံ့ ကာ  ပြောနေတဲ့ သူလေးကို ကြည့်ကာ  Alex    ဝမ်းနည်းဝမ်းသာ ဖြစ်မိတယ်။   Alex ထိုင်နေရင်း   မတ်တပ်ရပ်နေတဲ့  Zeroရဲ့  ခါးလေးကို ဖက်တွယ် လိုက်တယ်။  Zero ရင်ခွင်ထဲ ခေါင်းမှီကာ  Alex မျက်လုံးတွေ မှိတ်ထားမိတယ်။  သူတကယ် ပင်ပန်းနေတယ်။  

Zombie ကပ်ပြီးဆုံးသွားတဲ့ချိန်  သူသတိထားမိခဲ့တယ်။  သူဟာ လူတစ်ယောက်လည်း  မဟုတ်တော့ သလို မကောင်းဆိုးဝါးလည်း မဟုတ်ခဲ့။  ရာထူးပါ စွန့်ပစ်ပြီး  လူတွေနဲ့ အဝေးကို ထွက်ခွာခဲ့တယ်။မျက်လုံးမှိတ်လိုက်တိုင်း   Zeroရဲ့  ပုံရိပ်တွေက နေရာယူနေခဲ့တယ်။  သူ့ အမှားကြောင့်   သေဆုံးသွားတဲ့ သူကို တွေးမိရင်  နှလုံးသားတွေ ကွဲကျေခဲ့ရတယ်။  ထိုလူသားနောက် လိုက်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေနဲ့သာ အဆုံးသတ်တယ်။  တစ်ခါတစ်လေ   သူ့ ကိုယ်သူကိုယ်  ပြန်ကြောက်လာရတယ်။  တစ်နေ့တော့ သူအဆုံးသတ်နိုင်ခဲ့တယ်။  ရေတွေထဲ ခုန်ချပြီး  မကူးခတ်ပဲ နေလိုက်တယ်။ ပျော်စရာကိစ္စတစ်ခုကို  ကြုံလိုက်ရတယ်။ သူနှလုံးခုန်သံတွေ တဖြည်းဖြည်း နှေးကန်ကုန်ကြတယ်။ မျက်လုံးတွေ မှိတ်ကျသွားတဲ့ အချိန်  အလင်းရောင်လို အရာမျိုးကို တွေ့ လိုက်ရတာကြောငိ့   မျက်လုံးတွေကို ပြန်ဖွင့်လိုက်တဲ့အချိန်   သူဟာ   လွန်ခဲ့အချိန်တွေကို  ပြန်ရောက်နေခဲ့လေတယ်။

Meeting   Ultimate  Gods  System(completed)Where stories live. Discover now