Arc(5.2)

6.2K 646 6
                                    

Zero နိုးလာတော့ ကားဟာ တစ်နေရာမှာ ရပ်နေတာတွေ့ လိုက်ရတယ် သူနိုးလာတာကို Charles က မြင်တော့ ရေဘူးနဲ့ ပေါင်မုန့်ထုပ်လေး ကမ်းပေးလာကာ

"နိုးလာရင် ဒါလေးအမြန်စားလိုက် ပြီးရင် D baseကို သွားဖို့ ရှေ့ က zombieတောကို ဖြတ်သွားရမှာ "

Zeroလည်း ပေါင်မုန့်ကိုက်လိုက် ရေသောက်လိုက်နဲ့ ဗိုက်ဖြည့်လိုက်ပြီး Charles ကို မေးလိုက်တယ်

"ခင်ဗျားက ဘယ်လိုသိလည်း ရှေ့ မှာ zombieတွေရှိတာကို"

"D baseမှာ ကိုယ့် သူငယ်ချင်း ရှိတယ်လေ သူနဲ့ အဆက်အသွယ်ရတော့ သူပြောပြထားတာ ဒါနဲ့  Zero သေနပ် ပစ်တတ်လား "

Zero Charles အဖြေကို အံ့သြဟန်လေးပြလိုက်တယ် ဒါတွေကို ဇာတ်ကြောင်းတစ်ဆင့်သူသိထားပြီးသားပင် ထို့အတူ ပေးလာတဲ့သေနပ်ကို ယူလိုက်တယ် ဒီကိုယ်က သေနပ်နဲ့ ရင်နှီးတဲ့ပုံပင်

"ကျွန်တော် ပစ်တတ်ပါတယ် "

ဒီလိုနဲ့  Charlesနဲ့  Zero အချိန်တစ်ခုစောင့်ကာ zombie တောကို ဖြတ်ဖို့  အရဲစွန့်ကြလေတယ် Zero ပေါ့ပေါ့ပါးပါးပဲ နေလိုက်တယ် သူတို့ အလွယ်တကူ ဖြတ်နိုင်မယ် ဆိုတာ သိနေတော့ D baseကို မြင်နေရပြီဖြစ်တယ် ဒါပေမယ့် ဇာတ်ကြောင်းထဲကအတိုင်း zombieတွေဟာ သူတို့ကို သတိထားမိသွားတော့
ရသလောက် သေနပ်နဲ့ ပစ်ကာ ထွက်ပြေးရတယ် gate နားနီးတဲ့အချိန် gate အပေါ် စောင့်ကျပ်နေတဲ့ အစောင့်တွေက မြင်ကာ ကူပစ်ပေးကြတယ်

zombieတွေက လှုပ်ရှားမှုနှေးတာကြောင့် သူတို့ gate ထဲဝင်ပြီးတာတောင် gateနား မရောက်သေး gateနားရောက်ရင်လည်း gateစောင့်တွေက သေနပ်တွေနဲ့  ပစ်ကြတာကြောင့် ပြန်နောက်ဆုတ်သွားကြလေတယ်

D base တွင် gate သုံးခုရှိလေတယ် သူတို့ဖြတ်လာတဲ့ gateဟာ ပထမဆုံးဖြစ်ပြီး ဒုတိယgateကို ဖြတ်ဖို့  နာရီဝက် လမ်းလျှောက်သွားရလိမ့်မယ် ပြီးရင် သူတို့ အစစ်ဆေးခံရအုံးမယ် ဒါပြင် တတိယ gate ဖြတ်ဖို့  နာမည်စာရင်းပေးရမည် ကျန်းမာရေး စစ်ဆေးရမည် zombieကပ်မဖြစ်ခင်က အလုပ်အကိုင်ကိုပြောကာ သက်ဆိုင်ရာ ဌာနအသီးသီးကို ပို့ပေးလိမ့်မယ် ဒါပေါ့ D base မှာနေချင်ရင် လူတိုင်း အလုပ်လုပ်ရမယ်

Meeting   Ultimate  Gods  System(completed)Where stories live. Discover now