Arc(7.6)

5.5K 627 12
                                    

တစ်လအကြာတွင်  မော်ကွန်းတည်ဇာတ်လမ်းတွဲကို  tv လိုင်းတွေမှာ စတင်လွင့်တော့မည်ဖြစ်တယ်။ ဒီအပတ်ထဲတွင် ထွေလာအရင် ပြသပေးမည် ဖြစ်တယ်။

"မင်္ဂလာပါ တွေ့ ရတာ ဝမ်းသာပါတယ် တင်စောရာ ရှင့် ညီမတို့  ကုမ္ပဏီ အနေနဲ့   ကြော်ညာလေး ကမ်းလှမ်းချင်လို့ ပါ "

"အာ ဟုတ်ကဲ့  နောက်မှ ပြန်ဆက်သွယ်လိုက်ပါ့မယ်"

သူက နာမည်တစ်ချို့ ရှိတာကြောင့်  ကြော်ညာတွေတွက် ခနခန အကမ်းလှမ်းခံရပေမယ့်  သူစိတ်မဝင်စား။ ဒီလ အိမ်ပြန်ကာ  ဟိုသားအမိကို စိတ်ဒုက္ခပေးရန် ကြံထားလေတယ်။

"အစ်ကို စိမ်းရောင် ဒီလ  ကျွန်တော် အိမ်ပြန်လိုက်အုံးမယ်  အဖေနဲ့ မတွေ့ တာကြာပြီလေ"

"ကောင်းပြီ  စောရာ  အိမ်မှာ ကောင်းကောင်း အနားယူ ဦးလေးကိုလည်း အစ်ကို နူတ်ဆက်ကြောင်း ပြောပေးအုံးနော်  အစ်ကိုတော့ ဆိုင်ဘက် လှည့်ရအုံးမှာမို့  "

မှိုင်းတစ်ယောက် ခုတစ်လော အရမ်းကို တက်ကြွနေလေတယ်။ကမ္ဘာကျော် နာမည်ကြီးမင်းသားနဲ့ အတူ  ဇာတ်ကားတစ်ခုထဲ ပါဝင်ခွင့်ရတဲ့အပြင်  သူသိပ်သဘောကျခဲ့တဲ့သူ မဟုတ်ပါလား ။ ဇိုင်းတိမ်ယံဟာ အေးစက်စက် လူသားဖြစ်သည့်တိုင် သူမကတော့ သဘောကျလေတယ်။
ထိုအချိန် အိမ်ထဲ ဝင်လာသူကြောင့်  မှိုင်း မျက်နှာ တည်သွားရလေတယ်။

"ဘာလာလုပ်တာလည်း တင်စောရာ "

ဒေါသသံနဲ့  တည်တင်းတင်း မေးလာတဲ့ မှိုင်းကြောင့်  စောရာ ဆိုဖာပေါ် ခပ်တည်တည် ဝင်ထိုင်လိုက်ပြီး

"အဟင်း  အမကလည်း ကိုယ့်အိမ် ကိုယိပြန်လာနေတာလေ  တစ်ချို့ ကျ ကိုယ်အိမ်မဟုတ်တာတောင်  အေးဆေးတက်နေနေတာမလား"

"တင်စောရာ!!"

"အိုး စိတ်မဆိုးပါနဲ့ အစ်မရယ်  ဖန်တွေသာ သိရင်  သူတို့နတ်သမီးလေး လို့ ထင်နေတဲ့ မှူးဟာ သရဲမမှန်း သိရင် ဝမ်းနည်းကုန်ကြမှာစိုးလို့  "

"တောက် မိုက်ရိုင်းတဲ့အကောင်  အစောကြီးထဲက မွေးမလာသင့်ဘူး   ဖြန်း"

မှူး စိတ်တိုကာ  စောရာပါးကို ရိုက်ပစ်လိုက်မိတယ်။ စောရာက  ချက်ချင်း ဝမ်းနည်းသွားတဲ့ပုံလေးဖြင့် ပါးကို ကိုင်ကာ  ဒူးထာက်ချလိုက်ပြီး 

Meeting   Ultimate  Gods  System(completed)Where stories live. Discover now