Part 16

1.2K 238 7
                                    

Unicode

ကျောင်းသွားရန် ပြင်ဆင်ပြီးသည်နှင့် ဘခ်ဟျွန်း သီချင်းလေးညည်းရင်း အောက်ဆင်းလာလိုက်သည်။ ညကလည်း ရာသီဥတု အေးသည်ဆိုသော်ငြား နိုးလာသည့်အချိန် ဘခ်ဟျွန်းသိပ်ပြီး ခေါင်းနောက်မနေ။ ပုံမှန် ထိုသို့ရာသီဥတုအချိန်မျိုးဆိုလျှင် ဘခ်ဟျွန်းအတွက် အမြဲတမ်း ကျန်းမာရေးအခြေအနေ ဆိုးစေသည်။ ကံကောင်းလျှင် ခေါင်းမူးနောက်တာလောက်နှင့်သာ ပြီးသော်ငြား ရံဖန်ရံခါ နှာခေါင်းသွေးလျှံကာ နေမကောင်းပါဖြစ်​လေ့ရှိသည်မို့။

သို့ပေမယ့် ယခုတလော ရာသီဥတုအေးစိမ့်နေသော်ငြား နိုးလာတိုင်း တက်တက်ကြွကြွဖြစ်နေသည့်အပြင် ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်နေသယောင်။ အဖွားကတော့ စောစောထ ကျောင်းသွားနေသည့် ဘခ်ဟျွန်းကို အထူးဆန်းသယောင် ကြည့်သော်ငြား ဘခ်ဟျွန်းကတော့ မထူးဆန်းတော့။ ကိုယ်စောင့်နတ်ကြီးရှိနေသရွေ့ သူ့ဘဝလေး သက်သာသည်ကို သူသိသည်ပင်။

ဟဲဟဲ

အောက်ထပ်ရောက်တော့ အနွေးထည်အထူကြီးနှင့် အဖွားကိုတွေ့သည်နှင့် နှုတ်ဆက်လိုက်သည်။ အဖွားကတော့ မျက်မှန်တစ်ချက်ပင့်တင်ကာ ဆိုလာ၏။

"ညက နင့်အခန်းထဲမှာ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ ဆူညံနေတာပဲ ဘာတွေဖြစ်နေတာလဲ"

ဘခ်ဟျွန်းကြောင်သွားသည်။

"ဗျာ ညဘယ်အချိန်လဲဟင်"

မှီသလောက် ပြန်စဥ်းစားမိတော့လည်း ညက မအိပ်ခင် ဘခ်ဟျွန်းဘာမှ ဆူညံနေအောင်မလုပ်မိပါ။ လုပ်မိလျှင်လည်း ထိုဆူညံသံက ဟိုးအောက်ဆုံးမြေညီထပ်တွင်နေသည့် အဖွားထံ ရောက်စရာအကြောင်းမရှိ။ တော်တော်ညံနေမှပင် ရောက်လိမ့်မည်သာ။

"ညသန်းခေါင်ကျော်ကြီးလေ ငါ့မှာနင့်အခန်းထဲ ဆင်ဝင်နေတယ်တောင် ထင်သွားတာ"

"အဲ့အချိန် ကျွန်တော်အိပ်ပျော်နေပြီလေ ဖွားကလည်း ကျွန်တော်တော့မကြားမိပါဘူး"

အဖွားကတော့ မယုံသင်္ကာဖြင့် မျက်ထောင့်နီကြီးဖြင့် လှမ်းကြည့်သည်။ ဘခ်ဟျွန်းလည်း တတ်နိုင်သလောက် ပြန်စဥ်းစားသော်ငြား တကယ်မကြားမိခြင်းဖြစ်သည်။

The LOEYWhere stories live. Discover now