Part 37

1.2K 223 83
                                    

[ Unicode ]

"ဘခ်ဟျွန်း ? မင်း ဗြောင်ဘခ်ဟျွန်းမလား"

ရုတ်တရက်မျက်စိရှေ့ပိတ်ရပ်ကာ လမ်းကိုတားလာသော လူတစ်ယောက်ကြောင့် အထုတ်တွေဆွဲထားရက်မှ ဘခ်ဟျွန်းမော့ကြည့်လိုက်ရသည်။ မျက်နှာကို ရင်းနှီးသလိုလိုရှိသည့်တိုင် မည်သူလဲ ဘခ်ဟျွန်းစဥ်းစားမရ။ သူ၏ ကြောင်အနေသော အပြုအမူကြောင့်ထင်သည်၊ တစ်ဖက်လူကလည်း ဆက်တိုက်မိတ်ဆက်လာတော့၏။

"ငါပါ ဂျယ်ယောင်း၊ မမှတ်မိဘူးလား မင်းနဲ့တစ်နှစ်လောက် ကော်ဖီဆိုင်မှာ အလုပ်အတူလုပ်ခဲ့တာလေ"

"အာ"

ဘခ်ဟျွန်း၏သတိတရဖြစ်သွားဟန်အမူအရာကြောင့် ထိုလူကပြုံးသွားသည်။ ဘခ်ဟျွန်းလည်း မကောင်းတတ်၍သာ မှတ်မိသယောင် ပြလိုက်ရခြင်းဖြစ်သော်ငြား ထိုလူနှင့်ပတ်သက်သည့် မှတ်ဉာဏ်လည်း သူ့ခေါင်းထဲသိပ်မရှိသလို နာမည်တောင်သူပြောပြလာမှ သတိရခြင်းဖြစ်သည်။ ဘာကိစ္စရှိလဲမေးမည်ကြံတော့ အကြည့်တွေကို နားလည်သည့်နှယ် ထိုလူကပြောလာ၏။

"မင်းဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီးပျောက်သွားတာလဲ သူဌေးက မင်းအိမ်တွေအထိပါ လိုက်ရှာပြီး ဆက်သွယ်သေးတယ် မတွေ့တာနဲ့တစ်ခုခုများ ဖြစ်နေလို့ သူ့မှာစိုးရိမ်နေတာ"

ဘခ်ဟျွန်းမည်သို့ပြန်ဖြေရမလဲမသိ။ ကိုယ့်ဝန်ထမ်းအလုပ်မလာ၍ အိမ်တိုင်ရာရောက် စုံစမ်းစိတ်ပူပေးသည့် သူဌေးဆိုတာရှိမည်တဲ့လား။ ဘခ်ဟျွန်းက အဆက်အသွယ်ဖျက်ခြင်းဖြင့်သာ အလုပ်ထွက်ကြောင်း အသိပေးလိုခြင်းပင်။ အတွေးနှင့်အတူ ခပ်ဟဟသာရယ်မိရင်း ခေါင်းခါပြလိုက်သည်။

"ကျွန်တော်အိမ်ပြောင်းသွားတာကြောင့်ပါ"

"သြော် ..... ဘာပဲဖြစ်ဖြစ် မင်းနည်းနည်းလောက်တော့ ဆက်သွယ်သင့်တာပေါ့ အခုတော့ကော်ဖီဆိုင်ကလည်း ပိတ်သွားပြီ"

ဘခ်ဟျွန်းအံ့ဩသည့် အမူအရာပြလိုက်စဥ်တွင်ပင် ထိုလူ့အနောက်ပါးမှ လျှောက်လှမ်းလာသော ချန်းယောလ်ကိုတွေ့လိုက်ရသည်။ ထိုလူကတော့ စကားဆက်ဆဲ။

"ဟိုတလောကမှ ဆိုင်ခန်းပြန်အပ်ပြီး သူဌေးလည်းသူ့မိဘတွေရှိရာ ရွာကိုခဏဆင်းမယ်ပြောပြီးပျောက်သွားတာပဲ"

The LOEYWhere stories live. Discover now