Part 35

1.3K 242 78
                                    

Unicode

ချန်းယောလ် အခန်းတံခါးကိုပိတ်ပြီးသည်နှင့် လက်ထဲကကျားကို အောက်ပစ်ချလိုက်သည်။ မာန်ဖီနေသည့်တိုင် ဘာမှပြန်မလုပ်ရဲသော ထိုကောင်က သူ့ကိုကြောက်ရကောင်းမှန်းတော့ သိသေးပုံပင်။ ဧည့်ခန်းထဲတွင် သောင်းကျန်းချင်နေသောကြောင့် နည်းနည်းပါးပါး စွမ်းအားတစ်ချို့နှင့် ထိန်းချုပ်ပြီးလုံခြုံသော အခန်းတစ်ခုအတွင်း ဆွဲလာခြင်းဖြစ်သည်မို့ သက်သာကာစ ထိုကျားက ယခုတစ်ဖန် သွေးတလိမ်းလိမ်းဖြင့်။

အနားလျှောက်သွားလိုက်တော့ ကြောက်လန့်တကြားဖြင့် အမှောင်ရိပ်ထဲပဲတိုးဝင်မည့်ဟန်ပြင်နေသည်မို့ ဂုပ်ကနေပြန်ဆွဲထားလိုက်သည်။

"ခုဏကလေးတင် သောင်းကျန်းထားပြီးတော့ အခုကျဘယ်ပြေးချင်နေတာလဲ"

စာကြည့်ခန်းထဲပတ်ပတ်လည် စည်းခြုံထားသည်မို့ အသံတွေအပြင်လျှံထွက်မည်ကို စိတ်ပူစရာမလိုအပ်လှ။ ချန်းယောလ် စားပွဲအနီးရှိဆုံလည်ခုံကို ဆွဲယူကာ ကျောမှီထိုင်ချရင်း မေးငေါ့ကာ အမိန့်ပေးလိုက်သည်။

"အသွင်ပြောင်းလိုက်"

သူပြောလိုက်တော့ ခဏတာတုန့်ဆိုင်းသွားသော်ငြား ချက်ချင်းပင်လူငယ်တစ်ယောက်အသွင် ရုပ်လုံးပေါ်လာခဲ့သည်။ ဆံပင်တို့က ရွှေဝါရောင်များတောက်ကာ ပေကျံရှုပ်ပွလျက် တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာဒဏ်ချက်များက လောလောလတ်လတ် ချန်းယောလ်ဆုံးမထားသောကြောင့်။ အရွယ်သည် ဘခ်ဟျွန်းနှင့်ရွယ်တူဟုထင်ရသော်ငြား ဘခ်ဟျွန်းထက်ငယ်မည်ကို သူသိသည်။ ပိန်ပါးနေသော ခန္ဓာကိုယ်က ဘခ်ဟျွန်းလောက်ပင်မရှိတာတော့ အမှန်ပင်။

အသက်ရှူသံတွေ မြန်ဆန်နေရာမှ အနည်းငယ်ငြိမ်ကျသွားသော ကောင်က အသိစိတ်တဖြည်းဖြည်းဝင်လာသည့်ဟန်။ မော့ကြည့်လာသော မျက်ဝန်းများတွင် အသနားခံခြင်းများပါဝင်နေပြီး သူ့ခြေထောက်နားကပ်တိုးလာရင်း စကားသံတိုးတိုးဖြင့်ဆိုလာသည်။

"ကျွန် - ကျွန်တော် တွန်းအားပေးခံရတာပါ၊ အဲ့လူက ကျွန်တော်မလုပ်ရင် ကျွန်တော့်မိသားစုကို သတ်မယ်ဆိုလို့"

The LOEYWhere stories live. Discover now