Part 39

1.5K 261 90
                                    

[ Unicode ]

ဘခ်ဟျွန်းအနေဖြင့် ချန်းယောလ်က ထိုသို့တုန့်ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။ ထွက်နေသည့်ဒေါသပင် ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိဘဲ မျက်လုံးကိုသာ ဖျက်ကနဲမှိတ်ချမိလိုက်သည်အထိ။ ချန်းယောလ်၏ အနမ်းတို့က အင်အားပါသည်၊ သို့တိုင် မကြမ်းတမ်း။

မိုးကြီးလေကြီးသည်းထန်နေသည့်အလား၊ သူ့လက်ဖမိုးပေါ် အုပ်ကိုင်ထားသော လက်တစ်ဖက်က သူ့ခါးနောက်လျှိုဝင်လာကာ ခန္ဓာကိုယ်ချင်းနီးကပ်အောင် ဆွဲယူလာ၏။ ပို၍ပို၍ပင် နက်ရှိုင်းလာသော အနမ်းများကြောင့် မေးဖျားကိုထိန်းကိုင်ထားသော ချန်းယောလ်လက်သည် ဦးခေါင်းနောက်ဘက်ကို နေရာရွှေ့ ထိန်းကိုင်ပေးလာရင်း ထပ်တိုးနမ်းရှိုက်လာ၏။

ဘခ်ဟျွန်းရင်ထဲ အဆက်မပြတ်ခုန်ပေါက်နေသည်မှာ ပေါက်ထွက်တော့မလို၊ လက်ကလည်း နီးစပ်ရာချန်းယောလ်ရင်ဘတ်ပေါ်ရှိ အင်္ကျီစကို ဆွဲဆုပ်ထားရပြီး အဖိအဖွစုပ်ယူမှုများအောက် အာရုံကြောဟာလည်း မြူလွှမ်းတုံ့ဆိုင်းကာ ဘာကိုမှစဥ်းစား မတွေးတောနိုင်တော့။

တစ်သက်လုံးတမျှကြာသွားသည်ဟု ထင်ရသည့်တိုင် တစ်စက္ကန့်မျှသာ ကြာသည်ဟုလည်း ထင်ရ၏။ ချန်းယောလ်နှုတ်ခမ်းတို့ နောက်ဆုံး တပ်ဆုတ်သွားသည့်တိုင် ဘခ်ဟျွန်းရင်ထဲ တုန်ရီမှုတွေမပျောက်သေးသလို မျက်လုံးလည်းမဖွင့်ကြည့်နိုင်သေး။ ထိုစဥ်တွင်ပင် မျက်ဝန်းထောင့်နားထံ အထိအတွေ့တစ်ချက်။ ချန်းယောလ်ခပ်ဖွဖွ ဖိနမ်းလိုက်ခြင်းဖြစ်သည်။

ဘခ်ဟျွန်းခေါင်းငုံ့ချကာ ထိုလူ၏ရင်ဘတ်ထံ နဖူးနှင့်တိုက်ချမိတော့၏။ ဒီလူသည် သူ့ကိုရူးအောင်လုပ်နေသလိုပင်။ အသက်ရှူသံတို့ဟာလည်း မတည်မငြိမ်၊ ပြင်းပြလျက်ပေမို့ မည်သူကမျှ စကားမစမိသေးသည့်တိုင် ချန်းယောလ်သည် သူ့အားခပ်တင်းတင်းပွေ့ဖက်ကာ ရင်ခွင်ထဲခိုလှုံစေလာ၏။

"တောင်းပန်ပါတယ်၊ ... ငါမှားသွားတယ်"

ဘခ်ဟျွန်းအသေအကြေ ဆုပ်ကိုင်ထားမိသည့် ချန်းယောလ်အင်္ကျီစတို့ကို လွှတ်လိုက်ကာ ထိုလူကို တင်းတင်းကျပ်ကျပ် ပြန်လည်ပွေ့ဖက်မိလိုက်၏။ နည်းနည်းလေးတောင် သူပြန်ပြီးစိတ်ဆိုးလို့မရတော့ပါချေ။ ဒေါသသည် ချန်းယောလ်၏ အနမ်းအောက် အခိုးအငွေ့အဖြစ်ပြောင်းသွားသည့်အလား။

The LOEYWhere stories live. Discover now