Part 27

1.3K 253 29
                                    

Unicode

ဘခ်ဟျွန်း မျက်စိရှေ့ရန်ဖြစ်နေကြသော အမျိုးသမီးတစ်ယောက်နှင့် အမျိုးသားတစ်ယောက်ရှိသည်။ တစ်ယောက်နှင့်တစ်ယောက် လက်ညှိုးငေါက်ငေါက်ထိုးကာ သူတစ်ပြန် ကိုယ်တစ်ပြန် အော်ဟစ်နေကြသည်များကို မကြားချင်၍ ကိုယ်ကိုကွေးကာ နားပိတ်ထားသည့်တိုင် ဆူဆူညံညံအသံများက မရမကတိုးဝင်လာဆဲ။

ပြီးနောက် သူ့မြင်ကွင်းတို့က တစ်ဖန်ဝေဝါးသွားပြန်၏။ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည့် ခန္တာကိုယ်ကြောင့် နည်းနည်းလေးပင် လှုပ်မရသော အခြေအနေ။ ချမ်းအေးနေသော ညလယ်ခေါင်ထဲ လမ်းဘေးတစ်နေရာတွင် ကုပ်ကုပ်လေးသာ ထိုင်နေရပြီး အအေးဓာတ်က နေရာအနှံ့က တိုးဝင်နေသည်မှာ ခန္တာကိုယ်က နာကျင်မှုများကပင် တောင့်ခဲနေသည်အထိ။ နာကျင်ရလွန်း၍ တစ်ခုတည်းသော အားကိုးကို ထုတ်ခေါ်မိသော်ငြား ပြန်ဖြေမည့်သူဟူ၍ နတ္ထိ။

တစ်ခုသော ဆိုင်အရိပ်အောက်လေး ခိုဝင်မိတော့ လာဘ်ပိတ်သည်ဆိုကာ မောင်းထုတ်သည်။ တစ်ချို့က ဂရုမစိုက်စွာ ဖြတ်သန်းသွားလာနေကြသည်။ တစ်ချို့က ငုံ့ကြည့်ကြသည်။ တစ်ချို့ကတော့ သနားစာနာသည့် အမူအရာများနှင့် စုပ်သက်သွားကြသည်။

အနားတွင်မည်သူမှမရှိ။ စွန့်ပစ်ခံလိုက်ရသည့် ခံစားချက်။ အမှောင်ထုထဲ မည်သည့်အလင်းရောင်မှ မရှိ ယောင်လည်လည် လမ်းပျောက်နေသည့်အလား။ တစ်ယောက်တည်း၊ အားကိုးမရှိ၊ မိဘမဲ့ ဟူသည့်အတွေးများကြောင့် အထီးကျန်မှုများက တစ်စတစ်စ တိုးဝင်ကာ ကြောက်လန့်စိတ်ကို ဖြစ်တည်လာစေသည်။ ချမ်းအေးနေသည့်ကြားမှ တစ်ခုတည်းသော အနွေးငွေ့က မျက်ရည်ပူများသာ။

ဝေဝါးနေသည့် မြင်ကွင်းထဲ ဝင်လာသည်က အဖေနှင့်အမေ လက်နှစ်ဖက်ကိုဆွဲကာ ပျော်ပျော်ရွှင်ရွှင် ခုန်ပေါက်နေသော ကလေးမထံ။ မာဖလာလေးကို တင်းတင်းဆွဲပတ်ပေးနေသော အမေဖြစ်သူနှင့် ရယ်ရယ်မောမော စကားတွေပြောနေသော အဖေဖြစ်သူ။ ကြားထဲက ကလေးမကတော့ ပျော်ရွှင်မှုအပေါင်း ခညောင်းသည့် အပြုံးများနှင့်။ ဘခ်ဟျွန်းကတော့ မျက်ရည်များနှင့်။ သက်တူရွယ်တူချင်း ဖြစ်လောက်မည့်တိုင် ဘာကြောင့်များ သူ့ကျမှ ထိုသို့ခံစားနေရသည်လဲ။ ကံကြမ္မာကို ဒေါသထွက်စွာ အပြစ်တင်တွေးမိသည်။ အေးခဲနေသည့် ခန္တာကိုယ်ကို ပွေ့ဖက်ပေးမည့် အနွေးဓာတ်လေးလိုချင်ရုံမျှသာ ဖြစ်သည့်တိုင် အနားတွင် မည်သူမှမရှိပါချေ။

The LOEYWhere stories live. Discover now