Part 18

1.2K 250 42
                                    

Unicode

ဆိုင်ထဲတွင် တစ််ခွက်ပြီးတစ်ခွက်မော့သောက်နေသော ပုံရိပ်ငယ်အား စိုက်ကြည့်ရင်း ချန်းယောလ် သွေးတွေ တဖြည်းဖြည်း ဆူပွက်လာရ၏။ အသက်မပြည့်သေးဘဲ အရက်တွေသောက်နေသည်ကြောင့် တစ်ဖြစ်လည်း စိတ်ချလက်ချ တစ်ခြားသူတွေရှေ့တွင် ထိုပုံစံကိုဖော်ပြနေ၍။

အိတ်ကပ်ထဲက ဖုန်းအသေးလေးအား ထုတ်ယူကာ တစ်နေရာသို့ ဆက်သွယ်လိုက်သည်။ ဖုန်းမြည်သံ တစ်ချက်တည်းတွင်ပင် ပက်ကနဲ ကောက်ကိုင်လိုက်ပြီး ကြားလိုက်ရသည်က ရိုကျိုးသံအပြည့်။

"ဟုတ်ကဲ့ ဥက္ကဌကြီး"

"ငါ့ကားထုတ်ထားလိုက်"

နေရာကိုပြောရန်မလိုအပ်။ ရှာရမှာ သူတို့တာဝန်။ ပြောပြီးသည်နှင့် တစ်ဖက်စကားကိုမစောင့်တော့၊ ဖုန်းကိုတန်းချလိုက်သည်။ သူများမြှောက်ပေးသမျှ တပြုံးပြုံးနှင့် မော့သောက်ချလိုက်သော ထိုပုံရိပ်က သူ့ဒေါသကိုထိန်းရခက်စေသည်မို့ လက်ထဲကဖုန်းခမျာ ကျိုးကြေလုမတတ်။ ထို့အပြင် ပုခုံးပေါ်ပိုင်စိုးပိုင်နင်း ထိန်းကိုင်ထားသော ထိုလက်တစ်ဖက်။ ဒေါသက ထိန်းမရတော့။ ထိုင်နေရာမှ ထရပ်ကာ တစ်ဖက်ဆိုင်ထံ လျှောက်လာလိုက်သည်။

closed ဆိုင်းဘုတ်ကပ်ထားသည့် စာတန်းအား မမြင်ဟန်ပြုကာ တွန်းဖွင့်ဝင်လာလိုက်တော့ ဝိုင်းထဲကတစ်ယောက်က လှမ်းအော်သည်။

"ဆိုင်ပိတ်ပါပြီခမျ"

ဂရုမစိုက်။ ပြုတ်ကျခါနီးဖြစ်သွားသော ခန္တာကိုယ်သေးသေးလေးအား အပြေးကောက်ပွေ့လိုက်ရသည်။ လက်ထဲ ပါလာသော ခန္တာကိုယ်က ပေါ့ရွှတ်နေသည်ပင်။ တွေး၍မဆုံးသေး၊ ထောင်းကနဲထွက်လာသော အရက်နံ့ကြောင့် မျက်မှောင်အဆုံးထိ ကြုတ်လိုက်မိသည်။ ပါးစပ်ဟောင်းလောင်းဖြင့် ကြောင်ကြည့်နေကြသော တစ်ဝိုင်းလုံးကို လျစ်လျူရှုကာ ပြောလိုက်သည်။

"သူ့ကို ငါပြန်လိုက်ပို့လိုက်မယ်"

"ဘယ်သူလဲမသိဘဲ ဒီတိုင်းထည့်ပေးလိုက်လို့-"

အောက်ဖက်ဝိုင်းမှ အသံထွက်လာသော တစ်ယောက်စကားမဆုံးသေးခင်တွင်ပင် ဘခ်ဟျွန်းလူးလွန့်ကာ ချန်းယောလ် လည်ပင်းကိုဖက်ချလာ၏။ အလျှိုလျှိုတိတ်ကျကုန်သော ထိုဝိုင်းကကောင်တွေကို ငုံ့ကြည့်ကာဆိုလိုက်သည်။

The LOEYWhere stories live. Discover now