Chapter 8

57.1K 4.8K 205
                                    

[Unicode]

   

(အပိုင်း-၈)

"Shit!"

လူပြတ်သည့် နေရာရောက်မှ ကားက ထိုးရပ်သွားသည်ကြောင့် ရတုလွှမ်းခ ဆဲရေးလိုက်မိသည်။ ကားပျက်တာတော့မဟုတ်၊ ဆီကုန်သွားခြင်းပင်။ အချိန်ကိုကြည့်တော့ ညဆယ်နာရီတိတိ။ ဆီဆိုင်ကြီးတွေက ဤနေရာတဝိုက်မှာ မရှိ။ တစ်နေကုန်မောင်းနေပြီး ဆီမဖြည့်မိတဲ့ မိမိအပြစ်ပင်။

အဖေ့ကို ဖုန်းဆက်ရင် ရသော်ငြား တစ်ပတ်မှာ လေးရက်လောက်က အပြင်မှာသာ ကျင်လည်ကျက်စားသည်မို့ အိမ်ပြန်မလာ၍ ​ဆူမှာကျိန်းသေ။ နားပူတာတော့ မခံနိုင်။ ကိုယ့်ဒုက္ခကိုယ် ဖြေရှင်းရုံသာ။

"ဝုတ် ဝုတ်"

ဘေးထိုင်ခုံပေါ်မှာ ခြေနှစ်ချောင်းတုပ်ကာ အကျအနထိုင်နေသည့် ရတု သားလေးက ဘာမြင်သည်မသိ။ ရှေ့တူရှု လမ်းမကို ကြည့်ရင်း ထိုးဟောင်တာကြောင့် ပုခုံးကျုံ့မိသည်။ ကိုယ့်ထက်ကြီးကြီးငယ်ငယ် ဘယ်လူကိုမှ မကြောက်တတ်ပေမဲ့ သရဲ၊တစ္ဆေကိုဖြင့် ရတု သေအောင်ကြောက်ပါ၏။

"တိုးတိုးနေ ငစိုင်းရ၊ ဒီနားမှာ မင်းနဲ့ငါနဲ့ နှစ်ယောက်ပဲရှိတာ၊ သရဲမတွေရောက်လာပြီး ဂုတ်ချိုးသတ်ရင် နှစ်ယောက်လုံး ဂိမှာ"

"ဝုတ်"

ရတုပြောတာနားလည်၍ထင်သည်။ အသံတစ်ချက်ထွက်ကာ ကုတ်ကုတ်လေးငြိမ်ကျသွားတော့သည်။ အသံစူးသည့် ငစိုင်းက အကောင်ကြီးကြီးခွေးမျိုးတော့မဟုတ်ပါ။ ခွေးဘီလူးကဲ့သို့ လုံးလုံးသေးသေးလေးဖြစ်သည်။ တမြန်နေ့က mini-mart တစ်ခုကို ရတု ဆေးလိပ်ဝင်ဝယ်ရင်း ဆိုင်ရှေ့မှာ ခွေခွေလေးလဲကျနေတာမို့ သနားကာ ကားပေါ်တင်ခေါ်လာခြင်းပင်။

ဘယ်သွားသွား ရတုတစ်ယောက်တည်းသွားရတာထက်စာရင် သက်ရှိတစ်ကောင်ပါ အပိုပါတော့ အဖော်ရပါ၏။ "Jony" ဆိုသည့် နာမည်ထွင်းထားသည့် ကဒ်ပြားလေးကို လည်ပင်းမှာတွေ့ပေမဲ့ ဘိုဆန်လွန်းတာကြောင့် ရတုမကြိုက်။

ခေါ်လို့ကောင်းမည့်နာမည်ကို စဉ်းစားရင်း ဉီးနှောက်ထဲ ညစ်ကျယ်ကျယ်ဝင်လာတဲ့ တစ်စုံတစ်ယောက်ကို ဖျတ်ခနဲအတွေး...။ "ဖေ့သားကြီး နာမည် ငစိုင်း"ဖြစ်သွားရတော့သည်။ မဆိုးပါဘူး။ ခေါ်လို့လည်း ကောင်းသား။

High Boss's Husband (Completed)Where stories live. Discover now