Eternal Story - 14

16.6K 1.8K 159
                                    

[Unicode]

မုန့်တွေဝင်ဝယ်ကာ လွန်းနဲ့ကူးကူးကို အိမ်အရောက်ပြန်ပို့ပြီးသည်နှင့် ဇာမ်က မန္တလေးသွားဖို့ အလောလုပ်ရတော့တာဖြစ်သည်။ ကုမ္ပဏီကစာရင်းဖိုင်တွဲတွေကို တထပ်ကြီးပိုက်၍ ဒီနေ့မှထူးထူးဆန်းဆန်း အိပ်ရေးအဝလွန်နေသည့် တက်ကြွတဲ့ကိုသုတစ်ယောက်လည်း ဧည့်ခန်းမှာ စောင့်နေပြီ။

အိပ်အပေါ်ထပ်ကို ခပ်သုတ်သုတ်တက်သွားတဲ့ လွန်းကို လှေကားအတက်ကူထိန်းဖို့အတွက် သားကို ကိုသုလက်ထဲထိုးထည့်ပေးခဲ့တော့ လူပျိုကြီးခမျာ ကူးကူးရဲ့မနည်းလှတဲ့ဝိတ်ကြောင့် ပေါင်တွင်းရိုးကြေသွားသလို အင့်ခနဲ။

"ခစ်ခစ် ဦးဦးတုတု"

"ငြိမ်ငြိမ်ထိုင်နော်ကူးလေး၊ လှုပ်မယ်ဆိုရင် ဦးဦးကိုကြိုပြော"

ကိုယ်ဝန်ဆောင်ထားသည့်အစ်ကိုလေးဘေးကနေ ထပ်ကြပ်မကွာလိုက်သွားသည့် Bossကိုကြည့်၍ ကိုသု ကူးကူးကိုပြောလိုက်သည်။ အုန်းမွှေးလုံးခေါင်းကိုငုံ့နမ်းတော့ စံပယ်ရနံ့ခေါ် အဖြူရောင်ပုလင်းသေးသေးနဲ့ အုန်းဆီနံ့က လှိုင်ခနဲ။

"သားအဖမှန်း ဘယ်သူက မသိမှာကျနေရော"

ကူးကူးကတော့ ကိုသုပြောတာကို နားလည်ဟန်မတူပါ။ သူ့ဖေဖေဇာမ့်လို လက်မောင်းတောင့်တောင့်မရှိတဲ့ ကိုသုလက်ရိုးကို ဆွဲရင်းဆိတ်ရင်း အရိုးတွေကြားထဲကအသားသေးသေးလေးပါလာတာကိုကိုင်ရသည့်ခံစားချက်အား တခွိခွိသဘောကျနေတော့သည်။

အစ်ကိုလေးတို့များပြောပါတယ်။ ကုမ္ပဏီလာတဲ့လူကို စမတ်ကျကျဆင်ပေမဲ့ ခေါင်းစခြေဆုံးမဟုတ်ဘဲ ပုခုံးကစပြီးခြေမှာဆုံးဖြစ်နေသည်။ ဘယ်ဆံသဆိုင်မှာသွားညှပ်လာမှန်းမသိသည့် Boss ဆံပင် မညီမညာကို အုန်းဆီတွေလိမ်းပေးလိုက်ရင် တနင့်တပိုးရွှဲလို့။

ဌာနပေါင်းစုံ meeting ထိုင်ရင် အအေးခန်းအလုံပိတ်အခန်းထဲမှာ ဂငယ်ကွေ့စားပွဲရှည်ထိပ်ဆုံးက ထိုင်သည့် Boss ခေါင်းပေါ်က စံပယ်အုန်းဆီနံ့အီအီကြီးက တစ်ခန်းလုံးကို အနံ့မွှေးဆေး spray လို ဝင့်ဝင့်ကြွားကြွား ခြုံလွှမ်းနေတော့တာ။

High Boss's Husband (Completed)Where stories live. Discover now