Chapter 58 (Final)

52K 3.4K 1K
                                    

[ Unicode-Final]
   
[Media က အချစ်ဘယ်ကစ သီချင်းကိုဖွင့်ပေးဖို့မေတ္တာရပ်ခံပါတယ်]

••••••

၃၂ နှစ်ခန့်ကြာသော်....

၂၀၅၃ ခုနှစ်၊ ဖေဖော်ဝါရီ၁၄ရက်၊ ကြာသပတေးနေ့။

"မေတ္တာလွှမ်းထုံ မိဘမဲ့ဂေဟာ"

"ဒါဆို ဖိုးဖိုးကြီးနဲ့ ဖိုးဖိုးလေးက အသက်တွေကြီးတဲ့ထိ အများကြီး ချစ်သွားကြတာပေါ့နော်"

"ဝါး မိုက်လိုက်တာ"

"ငါလည်းတစ်နေ့ကျဖိုးဖိုးကြီးလိုလူနဲ့လက်ထပ်မှာ"

တစ်ယောက်တစ်ပေါက်ဖြစ်နေသည့် ကလေးရွယ်စုံ ဘုစုခရုတွေကိုကြည့်၍ ကလေးအုပ်အလယ်မှာ သစ်သားခုံပုလေးချကာထိုင်နေသည့် အမျိုးသားလေးက ပြုံးကာခေါင်းခါလိုက်သည်။ ထိုအမျိုးသားလေး ပြုံးလိုက်တော့ ဘယ်ဘက်ထောင့်မှာကွယ်နေသည့် သွားတက်ချွန်ချွန်လေးက လှစ်ခနဲထွက်လာသည်။

ရှပ်အင်္ကျီအဖြူနဲ့​ ယောပုဆိုးအကွက်အညိုကိုသေသပ်စွာဝတ်ဆင်ထားသူမှာ ငယ်ငယ်ကလို ပါးဖောင်းဖောင်းတွေမရှိတော့ပေမယ့် ထူထဲသောမျက်ခုံးတွေနဲ့ ရှည်ကော့သောမျက်တောင်တွေရှိနေဆဲ။ မထူမပါး နှုတ်ခမ်းတွေက ရယ်မောနေပြီး နဖူးအထက်ထိ သပ်တင်ထားသည့်ဆံပင်တို့က နတ်ဘုရားတစ်ပါးလိုမျိုး ထိုအမျိုးသားကိုချောမောစေသည်။

ကလေးတွေစားဖို့ ထမင်းပန်းကန်တွေချနေသည့် လုပ်အားပေးလိုက်လာသော ဝန်ထမ်းကောင်မလေးတွေပင် ပြုံးရယ်နေသည့်သူကို ပေါ်တင်တမျိုး၊မသိသာအောင်တမျိုး မျက်စိအစာကျွေးနေကြသည်။

Loon Zam ကုမ္ပဏီရဲ့ CEO ဇာမ်မင်းမာန်က အသက်၃၇နှစ်ရှိပြီဖြစ်သည့်တိုင် ဂုဏ်သတင်းတင်မက၊ ချောမောခန့်ညားမှုမှာပါ ပြစ်ချက်မရှိ ပြောစမှတ်တွင်ဆဲ။

စီးပွားရေးနယ်ပယ်မှာ ကျွမ်းကျင်ခြင်းထိပ်ဆုံးအဖြစ် ရာဇဝင်ရှိခဲ့သည့် ဦးဇာမ်မင်းထည်ယံနဲ့ ခွဲစိတ်ပါရဂူ ဒေါက်တာလွန်းစေတမာန်တို့ရဲ့ သားကြီးဖြစ်သူက ထက်မြက်နေတာ အဆန်းတော့မဟုတ်။

သို့ပေမယ့် အခုချိန်အထိ ဘယ်မိန်းကလေးနဲ့မှသတင်းမထွက်ဖူးသလို ယောကျာ်းလေးတွေနဲ့လည်း နီးကပ်မနေ။ အများသိကြသည်က ဇာမ်မင်းမာန်က သူ့ရဲ့တစ်ဦးတည်းသောညီ လွှမ်းမင်းမာန်ကိုပဲ အချစ်တွေအကုန်ပုံပေးထားကြောင်း။

High Boss's Husband (Completed)Where stories live. Discover now