Chapter 47

34.3K 3K 399
                                    

[ Unicode ]

   
[Recommend song-Coming of Age(BK,PP)]

•••••

အိမ်ပြန်ရောက်ရောက်ချင်း အဝတ်အစားမလဲခင် မေမေ့ကိုဖုန်းဆက်နေချိန် မောင်ကတော့ အောက်ထပ်မှာ ဘာသွားလုပ်သည်မသိ။ လွန်း သတင်းကိုသိရပြီး ကြီးနုကလည်း တပြုံးပြုံး။ လရင့်ရင် လာခဲ့မယ်ဆိုတဲ့ မေမေ့စကားနောက်မှာ ဆင်ခြင်ရမှာတွေ၊ စားရမှာတွေတသီတသန်းကြီးထွက်လာသည်။

သားဦးကိုယ်ဝန်မဟုတ်တာမို့ လွန်းက လုံးဝအတွေ့အကြုံမရှိတာတော့မဟုတ်။ သို့ပေမယ့် လူကြီးတွေ ပြောစကားကို နားထောင်ရသည်။ မေမေ၊ဂျာဆိုင်းနဲ့ ဒေါ်လေးတို့သုံးယော​က်သား ဖုန်းတစ်လုံးကို အပြိုင်လုပြောပြီး လွန်းကိုမှာနေကြတော့ မေတ္တာ၊ ကရုဏာတွေကို ခံစားရင်းမှ တစ်သက်လုံးမေ့ရက်နိုင်ခဲ့သည့် ဒယ်ဒီ့ကိုသတိရမိတာမို့ မျက်ရည်ကဝဲခနဲ။

"ဟုတ်၊ မောင်နဲ့ပြောဦးမလား"

တစ်ဖက်ကမေမေ့အဖြေကြောင့် လွန်း သွားစွယ်သေးသေးလေး ပေါ်လာ၏။ တော်ပါပြီ၊သားလွန်းနဲ့ပဲအဝပြောမှာပေါ့ ဟု ပြန်ဆိုလာတာကို မောင်ကြားရင်ဆွေ့ဆွေ့ခုန်ဦးမည်။

"အဲ့ဒါဆို ဖုန်းချလိုက်တော့မယ်နော်"

ဖုန်းကိုစားပွဲပေါ်ပစ်တင်ရင်း ကုတင်ပေါ် ခြေပစ်လက်ပစ်လှဲချလိုက်သည်။ အခုဆို ဒယ်ဒီ ဘာတွေလုပ်နေမလဲ။ စည်းစိမ်ဥစ္စာတွေကိုပဲ သည်းကြီးမည်းကြီးရှာဖွေနေတုန်းလား။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ မေ့နေတုန်းလား။

မုန်းခဲ့တာမဟုတ်ပေမယ့် ချစ်ခဲ့လားဆိုတော့လည်း မချစ်ခဲ့။ ဘယ်အခါကမှ အဖေ့မေတ္တာရယ်လို့မရခဲ့ဖူးတော့ ထိုမေတ္တာရဲ့ အနက်အဓိပ္ပါယ်ကို လွန်းမသိ။

"အာ...ဘာလို့ လွန်းစေတမာန်မဟုတ်တဲ့အတိုင်း လျှောက်တွေးနေတာလဲ"

ခေါင်းအုံးတစ်အုံးကို ခေါင်းအောက်ခုလိုက်ရင်း ဗိုက်ကိုထိမိတော့ မှိုင်းထိုင်းနေသည့် စိတ်တွေနှင့် အတွေးတွေအားလုံးက တိမ်တွေလို လွင့်မျောပြီးပျောက်ကွယ်သွားသည်။ တစ်သက်လုံးမှာ ဖခင်မေတ္တာကို မရဖူးပေမယ့် ကိုယ်တိုင် ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးရခဲ့တာ နှစ်ကြိမ်တိတိရှိနေပြီမို့ ရှင်သန်ခြင်းရဲ့ အနှစ်သာရကို ပြည့်ပြည့်ဝဝခံစားခဲ့ပြီးပြီ။ ဒီထက်ပိုပြီး ဘာဆုကိုမှမတောင်းလိုတော့။

High Boss's Husband (Completed)Where stories live. Discover now