Chapter 17

43.1K 4.1K 174
                                    

[ Unicode ]

   
"ဟူး...."

လေပူတစ်ချက်မှုတ်ထုတ်ပြီးချိန် လက်မှာပတ်ထားတဲ့ နာရီကိုကြည့်လိုက်တော့ ဖြေဆိုချိန်စေ့ဖို့ လေးဆယ့်ငါးမိနစ်ခန့်မျှ လိုသေးသည်။

ဝဲဘက်ညာဘက်ဝေ့ကြည့်တော့လည်း မေးခွန်းစာရွက်ထဲ ခေါင်းဝင်မတတ်ငုံ့ဖတ်နေတဲ့သူကဖတ်၊ ဘောပင်ချောင်းကို လက်ညှိုးနဲ့လက်ခလယ်ကြားမှာ ညှပ်ပြီး ချာလပတ်ယမ်းအောင်လှည့်ဆော့နေသူကဆော့။

လူအယောက်သုံးဆယ်လောက်ရှိမည့် ဤအခန်းမှဖြေဆိုချိန်ထက်စောလျက် လေလေးတချွန်ချွန်ဖြင့် ထွက်ချင်ပါသော်လည်း ဉီးဆုံးတော့လည်း မထွက်ချင်ပြန်။

စာဂျပိုး EC မကို လှမ်းကြည့်တော့လည်း ပုလင်းဖင်မျက်မှန်ကို ပင့်ပင့်တင်၍ အသည်းအသန်ကုန်းကာဖြေဆဲ။

အတန်းစောင့်ဆရာမနှစ်ယောက်က လက်ဖက်သုပ်ပန်းကန်အလယ်မှာထားကာ လေဓာတ်ကျနေကြသည်မှာ ဇာမ်တို့ကို "ကူးကြပါ ကူးကြပါ၊ ကြိုက်တဲ့စာကို စိတ်ကြိုက်ကူးကြစမ်းပါ " ဟု ပြောနေသည့်အလား။

တကယ်လည်း တက္ကသိုလ်ကျောင်းသားကျောင်းသူဆိုသည်မှာ အခိုးနဲ့မလွတ်ကြ။ ယခုပင်ကြည့်။ အစွန်ဆုံးက မင်းသီဟနဲ့ မင်းသူရညီအစ်ကိုတို့ မေးခွန်းစာရွက်ကို စွန်လုပ်၍ ပျော်ပျော်ကြီး စွန်လွှတ်နေကြသည်လေ။

ဇာမ်က ဘာလုပ်ရမှန်းမသ်ိတော့တာကြောင့် လည်ပင်းဂုတ်ပိုးကိုပွတ်ကာ ဖြေထားသောစာတွေကို တစ်ချက်ပြန်ကြည့်နေလိုက်သည်။ အောင်မှတ်ဖိုးသေချာပြီးတဲ့နောက်တော့ ထပ်လည်းမစစ်ချင်တော့။ တော်ပြီပေါ့။ အအောင်၊အကျနှစ်မျိုးရှိတဲ့ထဲက ကိုယ့်အမှတ်လေး မှင်နီအောက်မရောက်ဘဲ မင်္ဂလာရှိရှိ သိက္ခာရှိရှိဖြစ်ရင်။

အဖြေလွှာသိမ်းဖို့နာရီဝက်အလိုမှာတော့ ဇာမ် ဘယ်လိုမှမနေနိုင်တော့။ အပ်ကျသံတောင်မကြား၊ တိတ်ဆိတ်နေသောအခန်းက ဇာမ်မှ ဖိုက်တာမလုပ်ရင် ဖင်ပူတဲ့ထိ ဆက်ထိုင်ကြမည့်သဘောမှာရှိ၏။

ပုဆိုးကိုပြင်ဝတ်ပြီး ဇာမ်ထရပ်လိုက်စဉ် နံဘေးရှိသွင်စုသွယ်က ပုဆိုးစကိုလှမ်းဆွဲကာ မသိမသာလက်ကုတ်လာတာမို့ "ဘာတုန်း"ဟု မျက်ရိပ်ပြလိုက်တော့

High Boss's Husband (Completed)Dove le storie prendono vita. Scoprilo ora