Eternal story - 2

29.4K 2.5K 145
                                    

[ Unicode ]

   
(Recommend song- Safe Zone (BKPP))

.......

"ဘာလို့ဆင်းစောင့်နေတာလဲ၊ ငါတို့လည်းလာတတ်ပါတယ်၊ နော့ ကူးကူး"

"ဟုတ်ဒယ်"

အောက်ထိဆင်းစောင့်နေသည့် ဇာမ့်ကိုကြည့်ရင်း အမေးပြုလာသည့် လွန်းစကားကို ကူးကူးကလည်း ခေါင်းတစ်ချက်ညိတ်ရင်းဖြင့် ထောက်ခံသည်။ ဇာမ်က နှာခေါင်းတစ်ချက်ရှုတ်ကာ လွန်းလက်ထဲက ထမင်းဘူးနှင့် ကူးကူးလက်ထဲက စက္ကူအညိုအိတ်ကိုပါ လှမ်းယူ၏။ အစောဏကထိ နေပူရှိန်နည်းနည်းရှိချင်ပေမဲ့ အခုကျပြန်တော့ နေလုံးကတိမ်တွေနောက်ပြန်ဝင်သွားပြန်သည်။

"လက်ရှည်လည်း ဝတ်မလာဘူး လွန်းရာ"

"ချမ်းမှမချမ်းတာ"

"လက်ရှည်ဝတ်တာက ချမ်းမှဝတ်ရတာလား"

အဖြူစွတ်စွတ်ရှပ်အင်္ကျီခပ်ပွပွတစ်ထည်ကိုသာ အနက်ရောင်အကွက်စင်းကြား ဘောင်းဘီနဲ့တွဲ၍ ပေါ့ပေါ့ပါးပါး ဒီတိုင်းဝတ်ထားသည့် လွန်းကို ခေါင်းစခြေဆုံးကြည့်ပြီး မောင် တစ်ယောက်ပြောမဆုံးတော့။ လေတိုးထားတာမို့ ရှုပ်ပွနေသည့် ဆံပင်တွေကို လွတ်နေသည့် လက်နဲ့ရှင်းပေးလာကာ စိတ်ကောင်းဝင်နေသည်ထင်နေစဉ်မှာပင် နဖူးကိုတောက်ချလိုက်တာ တောက်ခနဲ။

"ဘာလုပ်တာလဲ!"

ခပ်ဆတ်ဆတ်ပြန်အော်တော့ စတော်ဘယ်ရီဖြစ်ဟန်တူသည့် ဘူးကို သားလက်ထဲ တစ်ဘူး၊ လွန်းလက်ထဲ တစ်ဘူးထည့်ပေးကာ

"ပြောတာမှနားမထောင်တာ"

ဆွေ့ဆွေ့ခုန်လိုက်ချိန်ပင်မရလိုက်ပါ။ သားနဲ့အတူ ကုမ္ပဏီတည်း ပြန်ဝင်သွားပြီဖြစ်သည်။ မျက်စိဒေါက်ထောက်ကြည့်ပြီးပွစိပွစိပြောတတ်သည့် အဒေါ်ကြီးတွေပုံစံနဲ့ တဖြည်းဖြည်းတူလာသည့် မောင့်ကို ရယ်ရလည်းအခက်၊ ငိုရလည်းအခက်။ မနက် မျက်လုံးနှစ်လုံးစဖွင့်ကတည်းက လွန်းဘေးနားသူမရှိရင် သူ့ကိုယ်စား သားကိုမှာသည်။ သားရော၊ သူရောမအားရင် ကြီးနုကိုမှာသည်။

လရင့်လာတဲ့ကိုယ်ဝန်ကြောင့် အရင်လိုတော့ သွားချင်တိုင်းသွားမရတော့။ barတို့ club တို့ ဆိုရင် လွန်းမမြင်ဖူးဘူးလို့ ထင်ရလောက်အောင်ပင် အာရုံထဲမှာပြန်ဖော်လို့မရတော့။ ယုတ်စွအဆုံး အရက်မည်သည် ချိုသလား၊ခါးသလားပင် မေ့ချင်နေပြီ။

High Boss's Husband (Completed)Where stories live. Discover now