Chapter 25

45.1K 3.7K 126
                                    

[ Unicode ]

   
"Ey Oh My God! He's a really bad boy!"

Teen scoop ကလာနေတဲ့ Red Velvet ရဲ့ Really Bad boy သီချင်းသံခပ်မြူးမြူးက တက်တက်ကြွကြွထွက်ပေါ်နေသော်ငြား ဧည့်ခန်းတွင်းမှာတော့ အပ်ကျသံကြားရလောက်တဲ့အထိ တိတ်ဆိတ်နေသည်။

လွန်းက ဆိုဖာလက်ရန်းကိုကျော်ကာ ခြေထောက်နှစ်ချောင်း တွဲလွဲချပြီး စာအုပ်တစ်အုပ်ကို တိတ်ဆိတ်စွာဖတ်နေ၍ ကူးကူးက ကော်ဇောချပ်လေးပေါ် ဝမ်းလျားမှောက်လှဲပြီး ခြေထောက်နှစ်ချောင်းကို မိုးပေါ်မြှောက်၊ လှုပ်လီလှုပ်လဲ့ဆော့ရင်း သူ့ပါပါးကို မော့ကြည့်ကာကြည့်ကာဖြင့် ဆေးရောင်စုံတို့ကို စာမျက်နှာဖြူဖြူထက်မှာ ပေပွနေအောင် ခြယ်ယယ်နေသည်။

ဇာမ်က  လွန်းမျက်နှာချင်းဆိုင်က ဆိုဖာထက်မှာ ဖျော့တော့တော့မှီထိုင်ကာ မှန်စားပွဲခုံပေါ်တင်ထားသည့် စာချုပ်ကို မျက်မှောင်ကုတ်စိုက်ကြည့်လျက်ရှိသည်။

မျက်ခုံးထူကြီးတွေအောက်ရှိ စူးရှနေသည့်မျက်လုံးတွေက မီးသာထွက်မည်ဆိုလျှင် ထိုစာချုပ်စက္ကူကလေး ပြာကျသွားနိုင်၏။

တကယ်တော့ လွန်းကို ထိုသို့ မကြည့်ရဲ၍ ဒေါသထွက်ချင်သမျှကို သက်မဲ့အရာပေါ်မှာ ပုံချနေခြင်းပင်။

"ခစ်ခစ် ကူးကူးပါပါး"

ကူးကူးက ရောင်စုံခြယ်ဆွဲပြီးသွားတဲ့ စာရွက်လေးကိုကိုင်ကာ ကုန်းရုန်းထလိုက်ပြီး diaper ဝတ်ထားလို့ ဖောင်းနေတဲ့ တင်ပါးလုံးလုံးလေး ယမ်းတမ်းတမ်းဖြင့် လွန်းဆီသို့ အပြေးရောက်သွားသည်။ စာရွက်လေးကိုကိုင်လျက် သူ့ပါပါးရဲ့ စာအုပ်ရှေ့သို့ မမှီမကမ်း အတင်းထိုးပြတော့

"ဘာလဲ"

မာဆတ်ဆတ်အအော်ခံလိုက်ရတော့ နှုတ်ခမ်းပိစိလေးက ရှေ့ကိုနှစ်တောင်လောက်ဆူထွက်လာသည်။ မျက်လုံးရွဲကြီးတွေကို အောက်ချပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ကိုယ်လေးကိုယမ်းပြလျက် လွန်း စိတ်ဆိုးပြေအောင် သူတတ်သလောက်မှတ်သလောက်ချော့နေပုံက အသည်းယားစရာကောင်းနေသော်ငြား

လွန်းက သားအဖနှစ်ယောက်လုံးကို စိတ်ကြည်သေးတာမဟုတ်။ မဟုတ်တာလုပ်ဖို့ ကြံနေတဲ့ လေးနှစ်သား ကိုသွက်သွက်ဖောင်းရော၊ လွန်းကို ဘာမှမမေးမမြန်းဘဲနဲ့ အဆောက်အအုံကြီးကြီးမားမားကို သူ့စိတ်တိုင်းကျ ဝယ်ချပစ်တဲ့ ဇာမ်မင်းထည်ယံရော။

High Boss's Husband (Completed)Where stories live. Discover now