[ Unicode ]
[Recommend song- ပြန်တွေးကြည့်]
••••
"ခ, မင်းပြန်"" အား တစ်နေကုန်ကားမောင်းလာတော့ ငြီးစီစီကြီး၊ ကျွန်တော်အိပ်တော့မယ်နော်"
စကားမဆုံးသေးခင်ဖြတ်ပြောပြီး သူပိုင်အိပ်ယာလိုမျိုး ကုတင်ပေါ်မှာ သက်တောင့်သက်သာ လှဲချသည်။ ခါးထောက်ကြည့်နေရင်းမျက်မှောင်ကြုတ်ရတာက ပုံမှန်လူလိုအိပ်တာမဟုတ်ဘဲ ခြေကားယားလက်ကားယားနဲ့ မှောက်ရက်ကြီးအိပ်နေတာမို့။ နှင်ထုတ်လို့မရတဲ့အတူတူ ဘေးနားရောက်လာစေချင်တဲ့ကောင်လေးကို အလွမ်းပြေအောင်ထိုင်သာငေးတော့မည်။ အဟမ်း။ စိတ်ဆိုးတာမပြေသေးပေမယ့်ပေါ့။
"ခ, တည့်တည့်အိပ်၊ ရင်ဘတ်နာလိမ့်မယ်"
မျက်နှာကိုခေါင်းအုံးပေါ်မှောက်နေရင်းပဲ ခေါင်းအုံးထဲနှာခေါင်းနစ်အောင်မွှေးကြူပြီး
"ရင်ဘတ်က နာနေပြီးသားဗျ၊ ရင်နာနေတာ ၄၈ နာရီရှိပြီ"
"ဘာလို့လဲ"
တုံးရန်ကောဟူသည့်အကြည့်ဖြင့် မျက်လုံးကိုထောင့်ကပ်၍ စိုင်းနောင်ကို ပေကပ်ကပ်လှမ်းကြည့်သည်။
"ကိုကိုမရှိလို့လေ၊ ကိုကို ကျွန်တော့်နားမှာမရှိရင်ဟောဒီ့ရင်ဘတ်ကြီးက တဆစ်ဆစ်နဲ့နာနေတာ"
"စကားတွေတအားတတ်နေတယ်ပေါ့"
"ချစ်လို့ပါဗျာ၊ ချစ်မိသွားလို့တတ်လာတာ"
"အင်္ကျီလဲဦးမှာလား၊ ဟင် ဂျင်းဘောင်းဘီတွေပဲပါတယ်"
စိုင်းနောင်ကလည်း စိုင်းနောင်ပင်။ ဘာဖြစ်ဖြစ်မှတ်လောက်သားလောက်အောင် ပစ်ထားမည်တေးခဲ့သူရဲ့ တတ်လှစွာသောစကားတွေကြားမှာ အခုတော့ ကိုယ်တိုင်မသိအောင်ပင်ပြုံးမိနေသည်။ ကုတင်အောက် ပြီးစလွယ်ပစ်ချထားသည့် အဝတ်ထုပ်ကိုဇစ်ဖွင့်ကြည့်တော့ ပေါ့ပေါ့ပါးပါးဝတ်စုံရယ်မတွေ့ရဘဲ ဂျင်းဘောင်းဘီတွေ၊ တီရှပ်တွေ။ ဟုတ်တော့ဟုတ်သည်။ ခ,မှာ အိမ်နေရင်းဝတ်စုံတွေရယ်လို့ သိပ်မဝတ်ဖူး။
ဧည့်လာဆောင်လာ,အတွက် ပိုပိုလိုလိုဝယ်ခဲ့ဖူးသည့် Pajamas ကို ထုတ်ပေးတော့ ငုတ်တုတ်ထထိုင်ပြီး မျက်လုံးစူးစူးနဲ့ စိုက်လာသည်မို့