Chapter 13

46.9K 4.2K 194
                                    

[Unicode]

   
(အပိုင်း-၁၃)

"Shit! ဘယ်လောက်ထိ မြိုစို့ထားမှန်းမသိ"

စိတ်မရှည်မှုရဲ့ လေသံဟန်ထား ကျွတ်ဆတ်ဆတ် ရေရွတ်သံကို ကြားလိုက်ရပြီးနောက် ဇာမ့်လက်မောင်းတစ်ဖက်က မ,ဆွဲခံရကာ တစ်စုံတစ်ယောက်၏ ပုခုံးပေါ်ဝယ် ဖက်လျက်သားဖြစ်သွားသည်မို့ မဝံ့မရဲ မျက်လုံးအသာဖွင့်ကြည့်လိုက်တော့

"စိုင်းနောင် ငါသွားပြီ၊ အိမ်စောစောပြန်"

အသံကမာသည်။ သို့ပေမယ့် သူငယ်ချင်းအတွက် စိတ်ပူမှုတချို့တော့ ရစ်သိုင်းနေပါ၏။ ဒါကို ကာယကံရှင် အစ်ကိုဟာ သိပုံမပေါ်။ အစ်ကို့စကားအဆုံးတွင်

"အေးအေး ဖြည်းဖြည်းမောင်းသွား" ဟူသော အစ်ကို့သူငယ်ချင်းဖြေသံကိုကြားလိုက်ရသည်။

စားပွဲဝိုင်းကို ကြည့်မိတော့ အရက်ပုလင်းပေါင်းစုံက ထောင်လျက်သား။ ဘေးနားမှာထပ်ရှိနေသေးတဲ့ လူသုံးယောက်ကတော့ အစ်ကိုနဲ့ ဆိုင်ဟန်မတူ။ စိုင်းနောင်ဆိုသောသူရဲ့ သူငယ်ချင်းများသာဖြစ်လိမ့်မည်။

Alcohol နည်းနည်းသောက်လို့ မူးရင်သာမူးမည်။ လဲကျရလောက်အောင်ထိ ဇာမ်သည် အားမနွဲ့။ သို့သော်ငြား နှာခေါင်းတည့်တည့်ပစ်ဝင်လာသည့် လက်သီးတစ်ချက်ကြောင့် ခြေလှမ်းယိုင်ပြီး လဲကျမိချိန်....

ကြားလိုက်ရတဲ့ " ချာတိတ် " ဟူသော ချိုမြမြအသံသည် လဲနေရာက မထနိုင်လောက်တဲ့အထိ အားအင်ဆုတ်ယုတ်စေလွန်းသည်။

အနမ်းတစ်ပွင့်အား အပြစ်မယူဘဲ စီးကရက်ဖိုးပြန်တောင်းဖို့ကြံနေသည့် ပိုးဟပ်ဖြူလေးက ဇာမ့်ကို ဒီတိုင်းတော့ပစ်မထားခဲ့ပါ။ မနိုင့်တနိုင်တွဲ၍ ကားဘေးခုံပေါ်ပစ်တင်လိုက်သည်။ ကားစက်နှိုးသံကိုပါ ကြားလိုက်ရပြီးတဲ့နောက် စီးပွားရေးကျောင်းသားဟာ အနုပညာမေဂျာကိုပါ အလိုလို တတ်ကျွမ်းမြောက်ကာ ကားပြတင်းမှန်ကိုမှီလျက် အိပ်ချင်ယောင်ဆောင်နေရတော့၏။

ကျွန်တော် သွားချင်တဲ့နေရာဟာ အစ်ကို့ရင်ခွင်ဖြစ်နေတဲ့အခါ....
ဘယ်ပုံဘယ်နည်းနဲ့များ အဘယ်စာတိုက်ဆီ လိပ်စာတပ်ပို့ဉီးမည်လဲ သိချင်စမ်းရဲ့ .... ။

High Boss's Husband (Completed)Where stories live. Discover now