Chapter 52

29.8K 3K 321
                                    

[ Unicode ]

   
[Recommend song- Beautiful girl (Skull and HaHa)]

••••

အမြဲတွေ့နေကျတစ်စုံတစ်ယောက်က်ို အချိန်ခဏလေးခွဲလိုက်ရတဲ့ခံစားချက်က လစ်ဟာတာထက်ပိုသည်။ မောင်မှာထားသည့်အတိုင်း နေ့လည်စာကိုသေချာစားပြီး အိပ်ချင်စိတ်မရှိတာမို့ ဖုန်းကိုယူကာခြံထဲဆင်းခဲ့သည်။ နေပူချိန်ပေမယ့် ဒန်းနောက်ဘက်ကပိတောက်ပင်ကြောင့် လွန်းထိုင်နေတဲ့နေရာက အရိပ်တွေထိုးကျနေသည်။

ဒီခြံထဲမှာ ပိတောက်ပင်နှစ်ပင်ရှိသည်။ ထိုနှစ်ပင်လုံးကလည်း မောင်ကိုယ်တိုင်စိုက်ခဲ့တဲ့အပင်တွေ။ ကုက္ကိုလ်၊တမာအရိပ်ရပင်တွေမစိုက်ဘဲ ဘာလို့သင်္ကြန်တွင်းမိုးရွာမှ ပွင့်တဲ့ပိတောက်ကိုရွေးစိုက်ရလည်း မေးတော့ 'လွန်းက ပိတောက်ပန်းနံ့ကိုသဘောကျတယ်မလား'တဲ့။ မြို့သင်္ကြန်တုန်းက ပိတောက်ခက်ကိုသဘောတကျငုံ့နမ်းရင်း ပြုံးမိနေတာကိုလည်း မောင်ကတခုတ်တရမှတ်ထားတတ်သေးတာ။

"အစ်ကိုခင်ဗျ၊ ကားလာပို့တာ"

အိမ်ရှေ့ကခေါ်သံကြောင့် အတွေးစတွေပြတ်သွားသည်။ မောင်ရောကိုသုရော ကားတစ်စီးနဲ့သူတို့ဘာသူတို့လေဆိပ်သွားပြီး ကုမ္ပဏီကဝန်ထမ်းတစ်ယောက်က ထိုကားကိုစောင့်ယူကာ ပြန်လာပို့လိမ့်မည်ဟုမှာထားခဲ့သည်။ ဒန်းပေါ်ကဆင်းပြီး သွားဖို့ပြင်တော့ အိမ်ထဲက ထွက်လာတဲ့ကြီးနုက လွန်းကိုလှမ်းတားသည်။

"နေနေ ၊ ကြီးနုသွားဖွင့်ပေးလိုက်မယ်"

"ဂိုဒေါင်ထဲပဲသွင်းပေးပါလို့ ကြီးနု"

"ဟုတ်ပြီဟုတ်ပြီ သေချာပြောလိုက်မယ်"

ကားသွင်းနေတာကို ထိုင်နေရာကနေပဲ ကြည့်နေလိုက်တော့သည်။ ရုံးဝတ်စုံနဲ့ကောင်လေးက လွန်းကို ပျူပျူငှာငှာ နှုတ်ဆက်ရှာပါ၏။

"ဒါဆိုသွားခွင့်ပြုပါဦးခင်ဗျ"

" ကျေးဇူးပါနော် ညီလေး၊ ဘာနဲ့ပြန်မှာလဲ၊ လိုက်ပို့ပေးရမလား"

လောကွတ်သာချော်လိုက်တာ။ လွန်းကိုယ်ဝန်စရကတည်းက မောင်က ကားမောင်းခွင့်ကိုပိတ်ပင်ထားသည်။ ဒါကြောင့်မို့ လေဆိပ်ကိုလိုက်ပို့ပေးချင်တာတောင်မပို့ရ။ ကူးကူးကိုကျောင်းကြိုကျောင်းပို့ဖို့လည်း ကိုသုလက်အောက်ကမန်နေဂျာတစ်ယောက်ကိုထားပေးခဲ့သည်။

High Boss's Husband (Completed)حيث تعيش القصص. اكتشف الآن