Chapter 26

43.3K 3.9K 343
                                    

[ Unicode ]

   
ဆိုင်ရဲ့ပထမလွှာ၊ ညာဘက်ထောင့်ဘေးစွန်းက စတိုခန်းလေးအတွင်း ကြမ်းပြင်ပေါ်ဖြစ်သလိုချခင်းထားတဲ့ မွေ့ယာပါးလေးကြောင့် စိတ်မကောင်းခြင်းကြီးစွာဖြစ်သွားရသည်။

ပြိုင်ကားရောင်စုံစီးနိုင်တဲ့၊ ဟိုတယ်ခကိုတစ်သောင်းတန်အသစ်ချပ်ချပ်တွေရှင်းသွားနိုင်တဲ့ ကောင်လေးက နေ့ချင်းညချင်းဒီဘဝထိရောက်သွားရတာလား။

အခန်းဟုမဆိုထိုက်တဲ့ အခန်းကျဉ်းမြော​မြောလေးကို ဝေ့ဝဲကြည့်တော့ သံချောင်းတွေ၊အပ်မှိုတွေ၊ အရွယ်စုံ တူတွေစသည့် လက်သမားသုံးပစ္စည်းတွေထားထားတဲ့ သံတန်းစင်တွေသာ ရှိနေသည်။

သံတန်းစင်လေးတစ်စင်လွတ်တဲ့နေရာမှာမှ မွေ့ယာပါးလေးနဲ့ လူနေလို့ရတယ်ဆိုရုံလေး ရှင်းထားခြင်းသာ။ ဘေးမှာက ခေါက်ဆွဲပြုတ်ဘူးခွံ၊ ဖော့ဘူးခွံတွေ ပလုံစီလို့။

"လာလေ၊ ဒီမှာလာထိုင်"

ခြေရင်းမှာပုံလျက်ရှိသည့် ဂွမ်းကပ်စောင်ပါးလေးကို ခေါက်သိမ်းရင်းဖြင့် စိုင်းနောင်က်ို ဆိုတော့ မနေတတ်တဲ့ ဧည့်သည်ကပဲ ဘူးခွံ၊ ပုလင်းခွံတွေ ကူရှင်းပေးရသည်။

"ခ ၊ မင်းကွာ၊ ဒီအခြေအနေထိရောက်အောင် လုပ်ရလား"

ဆူပူသလိုပြောတော့ နားမလည်သလိုကြည့်လာရင်း

"ဘာဖြစ်လို့လဲ၊ ကျွန်တော်ကဘာလုပ်နေလို့လဲ"

သူလုပ်နေတာတွေကို ဘယ်သူမှမရိပ်မိဘူးလို့ထင်ရှာသည်ထင်၏။ ဒီလောက်သိသာနေတာကိုလေ။ စိတ်မကောင်းမှုနဲ့အတူ ရင်မောလာတာမို့ သက်ပြင်းကိုချမိတော့ နားမလည်နိုင်သလိုကြည့်နေတဲ့မျက်လုံးတို့က ပိုမှေးကျဉ်းလာသည်။

"ခင်ဗျားဘာဖြစ်နေတာလဲ"

မျက်နှာချင်းဆိုင်မှာထိုင်ချလိုက်ပြီး

"ဘယ်ကတည်းကလဲ"

"ဟမ်"

"ဘယ်ကတည်းက ဆေး အင်း ဘယ်ကတည်းကမူးယစ်ဆေးစွဲနေတာလဲ"

"ဘယ်လို"

အာမေဋိတ်သံက ထစ်ခနဲ။ အင်းလေ။ သူခိုးလူမိသလိုဖြစ်သွားတာမို့ ဒီလောက်တော့ အံ့သြသွားရှာမှာပေါ့။ အဖြေတစ်ခု ပြန်ပေးဖို့ အချိန်လိုအပ်မယ်ထင်တာကြောင့် ငြိမ်သက်၍ နေပေးမိတော့ မတ်တပ်ထရပ်ပြီး ဝတ်ထားတဲ့ အင်္ကျီလက်ရှည်ကိုဆွဲချွတ်လိုက်ကာ အောက်က တီရှပ်ကိုပါ ခါးကနေဆွဲမ၍ ပင့်ချွတ်သည်။

High Boss's Husband (Completed)Where stories live. Discover now