Chapter 57

30.3K 3K 139
                                    

[ Unicode ]

   
"ဖိုးဖိုး မှိုက်မှိုက်"

"ဟေ အိတ်ခွံလား၊ ပေးပေး ဖိုးကိုပေး"

"ဟုတ်"

" ချော်လဲမယ်နော် မြေး၊ ဖြည်းဖြည်းလျှောက်"

"ကူးကူး လဲဘူး"

လှုပ်တုပ်လှုပ်တုပ်နဲ့ အိမ်ထဲက ကြွတ်ကြွတ်အိတ်ခွံတွေကို ကုန်းကာကောက်လိုက်၊ အမှိုက်တစ်ခုရတိုင်း သူ့ဆီကိုလာပြီး ဆုရတဲ့ကလေးတစ်ယောက်လို ကြွားလ်ိုက်လုပ်နေသည့်မြေးကိုကြည့်၍ ဘဝမှာဒုတိယအကြိမ် စိတ်လိုလက်ရပြုံးမိသည်။ ပထမအကြိမ်က သားမွေးတုန်းက။

မြေးက သားနဲ့ချွတ်စွပ်တူပါသည်။ အနည်းငယ်ကွဲတာက ပါးစုံနှစ်ဖက်ဖောင်းကားကာ လုံးကစ်နေခြင်းပင်။ စကားပြောရင်နှုတ်ခမ်းလေးတထော်ထော်နဲ့မို့ အူယားလို့မဆုံး။ အတတ်လည်းမြန်၊ အသင်လည်းမြန်သည်။ ဖိုးဖိုးလို့ခေါ်ကြည့်ပါလားပြောတာနဲ့ ဖိုးဖိုးလို့တန်းခေါ်လာသည်။အစက မြေးနဲ့သားကိုတွေ့ပြီးရင် ဟိုတယ်မှာခဏ​နေ၍ ဒီအိမ်ကိုလူငှားသန့်ရှင်းရေးလုပ်ခိုင်းပြီးမှ ပြန်လာမှာပေမယ့် မြေးကိုယ်တိုင်က 'ဖိုးဖိုး ကူးကိုချီ'ဆိုလို့ စိတ်ကူးတစ်မျိုးပြောင်းကာ မြေးက်ိုပါခေါ်လာခဲ့သည်။

အိမ်ကြီးကအရင်အတိုင်း။ ခြံရှေ့ကနှင်းဆီပင်တွေ အရိုးထီးထီးတောင်သေချာမကျန်တော့ကာ တိုက်ကိုသုတ်ထားသည့် ဆေးရောင်တချို့ ကွာကျနေတာကလွဲရင် ခြံတံခါးတွေလည်းအကောင်းအတ်ိုင်းရှိသေးသည်။ မြက်ပင်ရိုင်းအရှည်ကြီးတွေကိုတော့ အလုပ်သမားခေါ်ရှင်းမှရမည်။

မြေးဖိုးနှစ်ယောက် ဖုန်တွေတက်နေသည့် အရောင်မွဲမွဲဆက်တီခုံပေါ် ပေတေထိုင်ကာ စကားတွေပေါနေကြစဉ် ပါးစပ်ကိုလက်ဝါးနဲ့အုပ်၍ အိမ်ထဲအပြေးဝင်လာတာမို့ကြည့်လိုက်တော့ ကားမောင်းပြီးလိုက်ပို့ပေးသည့် ဟိုကောင်လေး၏ မန်နေဂျာဆိုသူ ။

"Boss က ပြောချင်လို့တဲ့"

ကိုင်လက်စဖုန်းကို speaker ဖွင့်လျက်ပဲ သူ့လက်ထဲထိုးထည့်ကာ လှုပ်စိလှုပ်စိဆော့နေသည့် မြေးကိုခေါ်ပြီး ဖုန်တောထဲက ပြန်ထွက်သွားသည်။

High Boss's Husband (Completed)Donde viven las historias. Descúbrelo ahora