Chapter (10) uni/zg

4.9K 430 0
                                    

Unicode

ရိပေါ် ဆေးရုံကိုရောက်တဲ့အချိန် စုန်ဖေးတို့ စကားပြောနေကြတာနဲ့ တန်းတိုးလေသည်။ သုံးယောက်သား အခန်းထဲဝင်လာတဲ့ အနက်ရောင်ဝတ်စုံနဲ့လူကိုမျက်နှာမမြင်ရသေးတာမို့ ပြိုင်တူအကဲခတ်ကြည့်နေကြသည်။

ခေါင်းစွပ်ကိုချွတ်လိုက်မှ ရိပေါ် ရဲ့ မျက်နှာ
ချောချောကြီးကို သူတို့မြင်ကြရသည်။
ရိပေါ် ကိုမြင်တာနဲ့ သုံးယောက်စလုံး
ဝမ်းသာအားရနဲ့ပြေးဖက်လိုက်သည်။

"ရိပေါ် ငါတို့ အဲ့ညတုန်းက အဖြစ်အပျက်ကိုမင်းကိုရှင်းပြမယ်"

စုန်ဖေးဆိုရင်း သုံးယောက်သား ရိပေါ် ကို
ဖက်ထားရာမှ လွတ်ပေးလိုက်ကြသည်။

"အဲ့ကိစ္စ ထားလိုက်တော့ အခုမင်းတို့အဆင်ပြေပြီးမလား၊ ငါတို့ ကျောင်း
အတူတူပြန်တက်ရအောင်"

"မင်းတို့သိလား ငါ လွီယုံချင်းတို့အဖွဲ့နဲ့
တွေ့ခဲ့တယ်"

ရိပေါ် ရဲ့စကားကြောင့် သူတို့သုံးယောက်ထံမှ 'ဘာ' ဆိုပြီး ပြိုင်တူထွက်လာခဲ့သည်။

"မင်းတစ်ယောက်တည်းလား၊အဲ့ကောင်က အဖွဲ့လိုက်နဲ့မင်းကို ဝိုင်းအနိုင်ကျင့်နေကြတာလား"

မျက်လုံးလေးပြူးကာ သွေးဆူနေပုံရတဲ့
လင်းအာအမေးကြောင့် ရိပေါ်ကသုံးယောက်လုံးကို ဝေ့ကြည့်လိုက်ပြီး

"မဟုတ်ဘူး ငါလက်ခံလိုက်တာ၊
ကဲ လာအဆောင်ပြန်ရအောင်"

ရိပေါ် ကဘာမှမဖြစ်သလို တက်တက်ကြွကြွလေးဆိုတော့ သုံးယောက်သား
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မကျေမချမ်းနဲ့ ငြိမ်သက်သွားလေသည်။

...

စာကြည့်တိုက်ကအထွက် လုရင်းဒါနဲ့တန်းတိုးတော့ ရိပေါ် က သူမကို
တစ်ချက်ကြည့်ပြီး ကျောခိုင်းလှည့်ထွက်သွားသည်။

လုရင်းဒါလည်း တစ်ချိန်က သူ့ကိုလိုက်နေတဲ့ ယောကျာ်းတစ်ယောက်ရဲ့ အမူအရာ
ပြောင်းလဲသွားတာကို မြင်လိုက်ရတော့
ရင်ထဲခံပြင်းသွားသည်။သူမရင်ထဲမှာ
ဆိုလိုက်တဲ့စကားတစ်ခွန်းက
"သူကဘာကောင်မို့လဲ"ဆိုတဲ့ စကားဖြစ်သည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now