part (27)

4.8K 355 27
                                    

Unicode

"ပါးပါး စောင့်အုံး"

ခြေထောက်တစ်ဖက်အကန်ခံရရုံမက ချစ်သူဆီက စိတ်ကောက်ခံလိုက်ရတာကြောင့်ရှောင်းကျန့်ဗျာများသွားရသည်။

"ပါးပါး Daddyကိုစောင့်အုံးလို့ အ"

"သေသေ"

နောက်ကလိုက်လာရင်း ခလုတ်ပါတိုက်မိသွားတာကြောင့် ရှောင်းကျန့်ချော်လဲသွားလေသည်။ရိပေါ် ကတော့ သူ့ကိုမေတ္တာပို့ပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ဝမ်အိမ်တော်ကို
ပြန်လာခဲ့သည်။

မျက်နှာစူပုတ်ပုတ်နဲ့ အပေါ် မတက်ခင်
သူ့ကိုမကျေမနပ်ကြည့်သွားတဲ့ ပါးပါး
ကြောင့် ဝမ်ဝမ်ခေါင်းကုပ်လိုက်မိသည်။
သူလည်း ဘာအပြစ်မှမလုပ်မိပဲနဲ့ ဘလိုင်းကြီး မျက်စောင်းထိုးခံရတော့ ဝမ်ဝမ်
မျက်နှာစူပုတ်သွားလေသည်။

အိမ်ထဲကိုပြေးဝင်လာတဲ့ Daddy
ကိုမြင်တော့မှ ဝမ်ဝမ်မျက်ဝန်းလေးများ
အရောင်ပြန်လက်လာသည်။

"Daddy ဘာဖြစ်တာလဲ "

"မသိဘူး ပါးပါးစိတ်ဆိုးနေတယ်"

"အင်းနော ဘလိုင်းကြီး သမီးကို မကျေမနပ်ကြည့်သွားသေးတယ်"

ခါးထောက်နေရာမှ မေးလေးပွတ်ရင်း
ဝမ်ဝမ်ဆိုလိုက်သည်။ခဏကြာတော့
တစ်ခုခုတွေးမိသွားဟန် ဝမ်ဝမ်သဘောကျကာ ရယ်မိပါတော့သည်။

"သမီးအခုမှတွေးမိတယ် ၊ ပါးပါးက
သမီးကိုမနာလိုဖြစ်နေတာပဲ"

သမီးလေးရဲ့စကားကြောင့် ရှောင်းကျန့်မျက်ခုံးနှစ်ဖက် ပင့်တက်သွားလေသည်။

"ဟုတ်တယ်လေး ပြန်ရောက်ကတည်းက
Daddyက ဒီဘက်အိမ်မှာပဲ ပြန်လာနေနေတာ ၊သမီးကလည်း နေ့တိုင်း
လာနေတာဆိုတော့ သေချာပေါက်
ပါးပါးဂျေဝင်ပြီးပေါ့"

ရိပေါ် က သမီးလေးကိုမနာလိုဘူးဆိုလို့
ရှောင်းကျန့်ရယ်ချင်သွားသည်။သူလည်း
အဲ့လောက်မတွေးခဲ့မိပါလေ။

"အဟင်း.ဟင်း အဖေအရင်းဆီက
မနာလိုခြင်းခံရလိမ့်မယ်လို့ သမီးဘဝမှာ တစ်ခါမှမတွေးမိဖူးဘူး။ သြ အချစ် အချစ်
ပါးပါးက အခုကျတော့ ဆယ်ကျော်သက်လေးလိုပဲနော သွားချော့လိုက်ပါအုံး
Daddy"

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now