part (33)

3.8K 290 8
                                    

Unicode

"ဟား...ဟား....ဟား...ငါရယ်ရလွန်းလို့
သေတော့မှာပဲ"

ညတုန်းက ရှန်းချန်နဲ့သူငယ်ချင်းတွေအကြောင်းကို သူပြောပြလိုက်တာနဲ့
နန်ရီတစ်ယောက် အရယ်အပြတ်သေး
ပဲဗိုက်ဖိကာ အူတက်နေတာမို့
ဝမ်ဝမ်မရယ်ချင်ရယ်ချင်နဲ့ သူ့ကိုကြည့်လိုက်သည်။

"အဟား..ဟား...ဝမ်ဝမ်မရယ် သူ့ပါးကို
ရိုက်မိတဲ့နင့်လက်ရော နာသေးလား"

နန်ရီအမေးကြောင့် ညတုန်းက
အကြောင်းက ဝမ်ဝမ်အတွေးထဲ
ရိပ်ခနဲဝင်လာသည်။

ရှန်းချန်းတို့ရှေ့ကနေ လင်းယွီရှန်းက
သူ့ကို ခေါ် ထုတ်သွားပြီး လက်သေချာ
ဆေးပေးလိုက်သေးတယ်။လင်းယွီရှန်း
ဆိုလိုက်တာက

"သူမကြောင့် မင်းရဲ့လက်တွေ ညစ်ပတ်ကုန်ပြီးတဲ့"

လက်ဆေးပြီးတော့လည်း သူ့အကျီ်အိတ်ထဲက အနက်ရောင်ပုဝါကို လင်းယွီရှန်း
ထုတ်လိုက်ပြီး သူမလက်ဖဝါးတွေကို
ရေခြောက်အောင် သုတ်ပေးလိုက်သည်။

"ရှောင်းဝမ်ဝမ် မင်းအခုလိုပြောင်းလဲသွားတာ မင်းရဲ့အဖေတွေကြောင့်လား"

သူ့အမေးကြောင့် ဝမ်ဝမ်မော့ကြည့်လာတော့ လင်းယွီရှန်း ပြုံးလိုက်သည်။

"ကိုယ်တော့သဘောကျတယ် ၊ ကိုယ်မင်းနဲ့လက်ထက်ရင် ကိုယ့်မှာ အဖေနှစ်ယောက်တောင်ထပ်တိုးလာမှာ"

သူကိုင်ထားတဲ့ လက်ကို ဝမ်ဝမ်ရုန်းတော့
လင်းယွီရှန်း ပြန်ဆွဲလိုက်ပြီး လက်ဖဝါးနုနုလေးကို ငုံ့နမ်းလိုက်သည်။

"ဆောရီး လက်အရမ်းနာသွားလား"

"ဝမ်ဝမ်မ"

အာပြဲကြီးနဲ့ နားစည်ပေါက်မတတ်အော်နေတဲ့ နန်ရီကြောင့် ဝမ်ဝမ်အတော်လေး
ထိတ်လန့်သွားသည်။

"နင့်လက်ဖဝါးမှာ လာတွေရှိလို့ အဲ့လောက်.ပြုံးကြည့်နေတာလဲ"

"နန်ရီရယ် တိုးတိုးပြောလည်း ရသားနဲ့
ဘာမှန်းကိုမသိဘူး"

"နင့်လက်နာသေးလားလို့ မေးတာကို
မဖြေပဲ အူကြောင်ကြောင်လုပ်နေတာလေ။တကယ်ပဲ နင်လေ အရင်ကနဲ့ကိုမတူတော့တာ ထုံထုံအအနဲ့ ဟိုကောင်မတွေအနိုင်ကျင့်ချင်စရာပဲ"

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now