part (32)

4.2K 332 27
                                    

Unicode

10နှစ်ခန့်ကြာသော်...

"ဇီဇီ မင်းကအငယ်နော လူကြီးက
ပေးဆိုပေးပေါ့"

ရှောင်းဇီရှန်းတစ်ယောက် သူ့အစ်ကို
စကားကို နားထောင်ဖို့ နေနေသာသာ
လျှာတောင်ထုတ်ပြလိုက်သေးသည်။

တကယ်တော့ ရှောင်းစီရှန်းက သူ့ညီဆီက
ကလေးကစားစရာ စစ်လေယာဥ်ပျံကြီးကို
လိုချင်နေခဲ့တာပါ။ တချိန်လုံး သူချောင်းမြောင်းနေပေမယ့် ဇီဇီကတော့
သူ့လေယာဥ်ပျံကြီးကိုင်ပြီး ပါးပါးနဲ့
Daddyတို့နားပဲ အကွာအကွယ်ယူနေခဲ့သည်။

နှစ်ယောက်သား အမွှာသာဆိုတယ်
စိတ်တွေက ဆန့်ကျင်ဘက်ဖြစ်နေသည်။
စီစီက yesဆိုရင် ဇီဇီကတော့ Noပဲ။
ဝမ်ဝမ်က ရှောင်းကျန့်နဲ့ ရိပေါ်
ပေါင်းစပ်ထားတဲ့ အလှမျိုးရှိပေမယ့်
အမွှာနှစ်ယောက်က အဲ့လိုမဟုတ်။
စီစီက ရှောင်းကျန့်နဲ့တူပြီး ဇီဇီက ရိပေါ် နဲ့တူသည်။

"လူကြီး ၊ဘာလူကြီးလည်း ကျွန်တော့်ထက်နာရီဝက်လောက်ပဲ စောမွေးတာကိုများကိုယ့်ကိုယ်ကိုလူကြီးတဲ့"

နှုတ်ခမ်းမဲ့ကာ မျက်တောင်လေးတဖျပ်ဖျပ်ခပ်ရင်း လျှာတစ်လစ်နဲ့
ဇီဇီဆိုသည်။

စီစီတစ်ယောက် သူ့ညီကို ကြည့်ပြီး
အသည်းတွေယားလာကာ
ခေါင်းအုံးနဲ့ရိုက်မည်အပြု ရုတ်တရက်
ဇီဇီထအော်တော့ သူ့မှာ ခဏကြောင်သွားသည်။တစ်ခြားအကြောင်းရင်းတော့
မဟုတ်ပါလေ။ဝမ်ဝမ်ကိုမြင်လို့ ဇီဇီမှာ
သူ့အစ်ကိုအရိုက်ခံရဖို့ အကြံရလိုက်တာ
ကြောင့်ပေ။

"အီး..ဟီး..ဟီး. ကျဲ ၊ကောကလေ
တိတိကို ခေါင်းအုံးနဲ့ရိုက်တယ်"

စီစီတစ်ယောက် သူ့ညီရဲ့စကားကြောင့်
လက်မှာကိုင်ထားတဲ့ ခေါင်းအုံးကို
ပစ်ချလိုက်သည်။

"စီစီ ဘာလို့ တိတိကိုရိုက်တာလဲ"

"မ..မဟုတ်ဘူး ကျဲ၊ ဇီဇီလိမ်နေတာ"

"အဟင့် လက်ထဲမှာ ခေါင်းအုံးကိုင်ထားတာတောင်ငြင်းချင်သေးတယ်"

သရုပ်ဆောင်ကောင်းနေသော ညီဖြစ်သူကိုကြည့်ပြီး စီစီလက်သီးလေးဆုပ်ပြသည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now