part (17)

4K 351 28
                                    

Unicode

"ပါးပါး"

သမီးလေးရဲ့အသံကြောင့် လက်တော့ပ်
ပေါ် ပြေးလွှားနေတဲ့လက်ချောင်းတွေကို
ရိပေါ် ရပ်လိုက်သည်။

"ပါးပါး အခုတလော သမီးကိုမချစ်တော့ဘူးနော"

မျက်ခုံးလေးပင့်ကာ သမီးလေးကို
ရိပေါ် လှည့်ကြည့်လိုက်သည်။

"ဟုတ်တယ်မလား ၊ အဟင့် ပါးပါးက
အခုတော့ သမီးထက်ချစ်ရမယ့်သူကိုတွေ့သွားပြီးပေါ့"

"သမီး သမီး မငိုနဲ့ ၊ပါးပါးရှင်းပြမယ့်
သမီးထင်သလိုမဟုတ်ပါဘူး"

သမီးလေးကိုရင်ခွင်ထဲထည့်ကာ
သိုင်းဖက်ရင်း ရိပေါ် ဆိုလိုက်သည်။

"တော်ပါပြီးပါးပါးရယ် ၊သမီးကို ဘာလို့
လိမ်ချင်သေးတာလဲ။ အဲ့မိန်းကလေးက
ပါးပါးအတွက် သိပ်ကိုအရေးပါလွန်းတယ်မလား ။သမီးအဆင်ပြေပါတယ် ၊ပါးပါးက
လျစ်လျူရှုထားရင်တောင် သူများတွေလို
လင်နောက်လိုက်သွားမယ့် သမီးတွေထဲမှာ
ပါးပါးသမီး မပါပါဘူး။ဘာလို့လဲဆိုတော့
ငယ်ငယ်ရွယ်ရွယ်နဲ့ ယူမယ့်သူလည်းမရှိဘူးလေ"

မျက်ရည်လေးတွေနဲ့ သူ့ကိုခပ်တည်တည်လေးဆိုလာသော သမီးလေးကြောင့်
ရိပေါ် မျက်လုံးပြူးသွားရသည်။

"ပါးပါးကို သမီးပြောမယ်...."

မျက်နှာကိုလက်ဖဝါးနဲ့အုပ်ကာ
ငိုနေရင်းတန်းလန်းနဲ့ သူ့ကို
အော်လိုက်တဲ့သမီးလေးကို
ကြည့်ပြီး ရိပေါ် ခဏကြောင်
သွားသည်။

"သမီးအတွက် မိ....ထွေး...မ...လို....ဘူး၊
ပါးပါးနောက်မိန်းမယူတဲ့နေ့က သမီး
လင်နောက်လိုက်တဲ့နေ့ပဲ"

*ငိငိ ငါလေ သရုပ်ဆောင်တာ
ကောင်းလွန်းနေလားမသိဘူး*

သူ့ရင်ခွင်ကနေ အတင်းရုန်းထွက်ကာ
ဆောင့်ကြီးအောင့်ကြီးနဲ့ အခန်းကနေ
ထွက်သွားသော သမီးလေးကြောင့်
ရိပေါ် စိတ်မကောင်းဖြစ်ရသည်။

"ဝမ်ဝမ် ပါးပါး တောင်းပန်ပါတယ် "

*
*
*

"Daddy"

သူ့ကိုလက်ယက်ခေါ် နေတဲ့ ဝမ်ဝမ်ကို့မြ
င်တော့ ဒီဘက်ခြံကို ရှောင်းကျန့်ကူးလာခဲ့သည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now