part (28)

4.3K 325 15
                                    

Unicode

"Daddy ဟိုရောက်တာနဲ့ ပါးပါးကိုဖုန်းဆက်နော"

မနက်နိုးလာကတည်းက သူ့ကိုဖုန်းဆက်ပါလို့ အတန်တန်မှာနေသည့် ရိပေါ် ကိုကြည့်ပြီး ကြည်နူးမှုတွေနဲ့ ရှောင်းကျန့်မပြုံးပဲ
မနေနိုင်ပါလေ။သူ့ကိုစိတ်မချဖြစ်နေတာကြောင့် ရင်တွေလည်းခုန်နေရသည်။

ဝမ်ဝမ်တော့ အကဲပိုလွန်းတဲ့ပါးပါးကြောင့်
နှာခေါင်းရှုံ့နေရပြီး။ အိမ်ထဲမှာ သမီးလေးရဲ့ ရှုံ့မဲ့မဲ့မျက်နှာကို မြင်သွားချိန်မှာတော့
ရှောင်းကျန့်မှာ ပြုံးစစနဲ့ ရိပေါ် ကို မေးငေါ့ပြလိုက်သည်။

သူ့ဘက်ကိုပါးပါးကြည့်လာတော့ ဝမ်ဝမ်လည်း ရယ်ကျဲကျဲလေးနဲ့ သူတို့နားကို
လျှောက်လာသည်။

"ကဲပါ ပါးပါး ၊Daddyက နောက်တစ်ပတ်ပြန်လာမှာပဲဟာကို။ပါးပါးလုပ်ပုံက
မသိရင် နှစ်အကြာကြီး ခွဲနေရမှာကျနေတာပဲ"

"ဝမ်ဝမ်"

သမီးလေးရဲ့စကားကြောင့် ရိပေါ် အသံ
ခပ်ဆောင့်ဆောင့်လေးထွက်သွားရသည်။

"ဟော...ဟော Daddyတွေ့လား ၊သမီးလို့တောင် မခေါ်တော့ဘူး "

သူတို့သားအဖနှစ်ယောက်ကို ကြည့်ပြီး
ရှောင်းကျန့်မှာ ဘာစကားမှမဆိုပဲ
ပြုံးစိစိနဲ့သာ ကြည့်နေမိသည်။

ထိုစဥ်ဝမ်ဝမ်က ခြံထဲဆင်းသွားပြီး ပန်းအိုးထဲကနှင်းဆီပန်းသုံးပွင့်ခူးလိုက်တော့မှ ရှောင်းကျန့်လည်း ပါးစပ်အဟောင်းသား ပွင့်လျက် လက်ဖဝါးနဲ့နဖူးကို တစ်ချက်ရိုက်လိုက်သည်။ ရိပေါ် ကတော့ သူ့သမီးအလည်လေးဘာတွေလုပ်နေမှန်း နားမလည်ပဲကြည့်ပဲကြည့်နေသည်။

"ရော့ Daddy မမေ့သင့်တာကို မမေ့နဲ့လေ"

အနီရောင်နှင်းဆီပန်းသုံးပွင့်ကို သူ့လက်ထဲထည့်ကာ ဝမ်ဝမ်ဆိုရင်း သူ့ပါးပါးကို
မျက်ခုံးပင့်ပြပြီး အိမ်ထဲဝင်သွားသည်။

ရှေ့ကိုလှည့်ကြည့်ချိန် နှင်းဆီပန်းသုံးပွင့်
ကိုသူ့ရှေ့ထိုးပေးလာသော Daddyကြောင့်
ရိပေါ် မျက်ခုံးလေးများပင့်တက်သွားသည်။

"ပါးပါးအတွက်"

"ကျွန်တော့်အတွက်လား"

"အင်း ကိုယ်သွားတော့မယ် ၊ ဟိုရောက်တာနဲ့ ဖုန်းဆက်မယ်နော"

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now