part. 3

4.7K 433 33
                                    

Unicode

"ပါးပါး"

စာရင်းလုပ်နေတုန်း သူ့ဘေးနားကို
သမီးလေးဝင်ထိုင်တော့ ရိပေါ် က
ပါးအိအိလေးကို တစ်ချက်နမ်းလိုက်
သည်။

"ပါးပါး မအိပ်သေးဘူးလားဟင်"

"ခဏနေအိပ်မယ် သမီးရော အိပ်ငိုက်နေပြီးလား ၊စောစောအိပ်နော"

"အိပ်လို့မပျော်လို့ "

ဝမ်ဝမ်က သူ့ပါးပါးကို အကဲခတ်ကြည့်ပြီး
စကားကို ဘယ်ကနေစပြောရမလဲ စဥ်းစား
နေသည်။

"ဟို ပါးပါး မားမားဆုံးသွားတာနဲ့ သူ့ပုံပါတဲ့
ဓာတ်ပုံမှန်သမျှကို သူနဲ့အတူ ထည့်လိုက်တယ်ဆိုတာ တကယ်ပဲလားဟင်"

"အင်း သမီးမားမားဘက်က အမျိုးတွေက
အဲ့လိုတောင်းဆိုလို့လေ"

"ဒါဆို မားမားဘက်က အမျိုးတွေ
ဘယ်မှာလဲ ၊သမီးတို့သွားလည်ရအောင်လေ"

သမီးလေးရဲ့စကားကြောင့် ရုတ်တရက်မို့
ရိပေါ် လည်း ဘယ်လိုဖြေရှင်းရမလဲမသိတော့ပေ။

"ဝမ်ဝမ် နောက်ကျနေပြီး စောစောသွားအိပ်တော့နော"

"ပါးပါး မားမားပုံမရှိလည်း ကိစ္စမရှိပါဘူး၊
ဒါနဲ့ သမီးသိချင်တာကလေ ပါးပါး
နောက်ထပ်အိမ်ထောင်ပြုဖို့ ဆန္ဒရှိလား"

"ဝမ်ဝမ် သမီးလေးရှိနေတဲ့အတွက်
ပါးပါးမှာအဖော်အသစ်မလိုပါဘူး"

" သမီးက ပါးပါး အထီးကျန်နေတာမကြည့်ရက်လို့ပါ၊ ဒါနဲ့လေ ပါးပါးကို
သဘောကျနေတဲ့ကောင်မလေးတွေအများ
ကြီးရှိတာပဲ ပါးပါးသဘောမကျဘူးလားဟင်"

ပါးပါးက သူ့ကို ခေါင်းခါပြတော့
ဝမ်ဝမ်တစ်ယောက် ထခုန်တော့
မတတ်ဖြစ်သွားရသည်။

"ကျောင်းမှာ သမီးသူငယ်ချင်းနန်ရီ
သိလား၊ သူ့ဦးလေးတစ်ယောက်ကလေ ယောကျာ်းချင်း ချစ်ကြိုက်နေတာတဲ့ ။သူသမီးကိုလည်း ပြတယ် နှစ်ယောက်လုံး အရမ်းချောပြီး လိုက်လည်းလိုက်ဖက်တယ်။ပါးပါးလည်း အကြိုက်ပြောင်းကြည့်ပါလား"

သမီးလေးရဲ့စကားကြောင့် ရိပေါ် လက်မှာ
ကိုင်ထားတဲ့ စာရွက်စာတမ်းတွေ ပြုတ်ကျသွားလေသည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now